ဂင်ယောင်း(Arc -2.4)

13.7K 1K 23
                                    

<Unicode>
"မောင်ရယ် နှုတ်ခမ်းကိုသိမ်းပါအုံး"

နှုတ်ခမ်းကိုတတောင်လောက်ဆူကာကားမောင်းနေတဲ့ဂျွန်းထယ်ကိုဂင်ယောင်းပြောလိုက်ချင်းပင်။ကလေးဆိုးကြီးကဂင်ယောင်းကိုစိတ်ကောင်နေခြင်းပင်။အကြောင်းမှာဟန်မြောင်ရဲ့မင်္ဂလာဆောင်ကိုသွားလို့တဲ့။သူကမသွားစေချင်တာသိပေမယ့်ဂင်ယောင်းကသွားချင်သည်။ကိုယ်အဆင်ပြေကာချစ်သူရနေကြောင်းကြွားချင်သေးသည်။ထို့ကြောင့်ဂျွန်ထယ်အားမနည်းချော့မော့ကာခေါ်လာရခြင်းပင်။

"မသွားပါနဲ့ဆိုတာကိုမောင့်စကားလဲနားမထောင်ဘူး အရုပ်လေးကမောင့်ကိုမချစ်တော့ဘူးမလား"

"အယ် အဟား မောင်ကတော့လေ"

"တွေ့လားမောင့်ကိုလှောင်တယ် စိတ်လဲမရှည်ဘူး"

"အားး ငါအသဲယားလာပီမောင်ရဲ့"

"အ့ ဘာလို့ပါးကိုလာဆွဲတာလဲ"

"ချစ်လို့လေ မောင်ကကလေးကျနေတာပဲ"

"မောင်လဲချစ်လို့လေ"

"ငါသိတာပေါ့မောင်ရယ် အခုသွားမှာကလဲဟန်မြောင်ကြောင့်မဟုတ်ဘူး ငါ့မှာအရမ်းချစ်ဖို့ကောင်းတဲ့ကလေးကြီးရှိကြောင်းကြွားချင်လို့တမင်သွားတာ"

"ဟုတ်လို့လား"

"မောင်ကိုလိမ်ဖူးလို့လား"

"မောင်ယုံပါပီအရုပ်လေးရဲ့ ဟီး"

>>>>

"ဂင်ယောင်း"

"ဟန်မြောင် ဂုဏ်ယူပါတယ်"

"ကျေးဇူးပါသူငယ်ချင်းရာမင်းကြောင့်သာမဟုရင်ဖြစ်မလာခဲ့ပါဘူး"

"ဒါပေါ့ အဲ့တာကြောင့်ကံကြမ္မာကြီးကငါ့အတွက်တစ်ယောက်ပို့ပေးလိုက်တာပေါ့"

"ဘယ်လို"

"ဒီမှာငါ့ချစ်သူ သူနာမည်ကဂျွန်းထယ်တဲ့ မင်းတို့ခိုးပြေးတဲ့နေ့ကပဲငါနဲ့သူအဆင်ပြေသွားတာ မင်းကိုကျေးဇူးတင်တယ်"

"အော် အင်းပါ ကိုယ်ဟိုဘက်ဝိုင်းသွားလိုက်အုံးမယ်နော်"

"အားမနာပါနဲ့ငါအဆင်ပြေတယ်"

ဟန်မြောင်တမင်ထွက်လာခြင်းဖြစ်သည်။ဂင်ယောင်းချစ်သူရသွားတာကိုသူ့စိတ်ထဲသဘောမကျပေ။ဂင်ယောင်းကသူ့ကိုသဘောကျမှန်းသူရိပ်မိပါသည်။ဒါပေမယ့်မသိချင်ယောင်ဆောင်ကာဂျီယွန်းနဲ့တွဲခဲ့သည်။အခုဂင်ယောင်းကသူ့ကိုမကြိုက်တော့ပဲတခြားသူနဲ့တွဲတာမြင်တော့သူ့စိတ်ထဲတခုခုကိုဆုံးရှုံးရတော့မလိုခံစားချက်ကြီးဝင်လာသည်။ထိုအရာကိုသူအဆုံးရှုံးမခံချင်စိတ်ပါတွဲပါလာသည်။ဂင်ယောင်းရှိတဲ့ဘက်ကိုလှမ်းကြည့်မိတော့ပြုံးရယ်နေတဲ့မျက်နှာလေးကအရင်ကထက်တောင်ပိုဆွဲဆောင်မှုရှိလာသည်။တနည်းပြောရရင်သူ့အလှတရားများကအခုမှပိုပေါ်လွင်နေသယောင်။

Revenge System(Completed)Where stories live. Discover now