ယုခိ(Arc -5.1)

12K 980 9
                                    

<Unicode>
ရွှန်းခြေသံကိုဖွဖွလေးနင်းကာပြန်ထွက်ရန်လုပ်တော့သည်။ဘာရယ်ကြောင့်မှန်းမသိထိုကောင်လေးအိပ်ပျော်နေတာကိုမနိုးသွားစေချင်တာတော့အမှန်ပင်။တတ်နိုင်သမျှခြေသံကိုဖွကာပြန်ထွက်ရန်အလုပ်တံခါးဖွင့်ပီးဝင်လာတဲ့သက်တော်စောင့်ကောင်လေး။တိတ်ဆိတ်နေသည့်အခန်းထဲမှာတံခါးဖွင့်သံဟာအနည်းငယ်ကျယ်သွားတာကြောင့်ကုတင်ပေါ်ကအရုပ်လေးဟာလှုပ်ရွလာပြန်တာကြောင့်ထိုသက်တော်စောင့်ကောင်လေးအားလက်အမူရာနဲ့ပြန်ထွက်ခိုင်းကာဘာအသံမှမထွက်ဖို့ကိုပါလေသံလေးနဲ့ပြောလိုက်သည်။

သက်တော်စောင့်ကောင်လေးမှာကြောင်တောင်တောင်လေးဖြင့်ပြန်ထွက်သွားရသည်။အခန်းအပြင်ရောက်တော့မှတံခါးကိုဖြေးညင်းစွာပိတ်လိုက်သည်။

"သခင်ကြီး ဘာဖြစ်..."

"ရှူးး မင်းမသံကိုတိုးစမ်း!အောက်ထပ်ကိုသွားမယ်ခြေသံကိုဖွဖွနင်း ပီးတော့အိမ်ကလူတေအားလုံးကိုပြောလိုက်ဘာဆူညံသံမှမထွက်စေနဲ့ အပ်ကျသံတောင်မကြားချင်ဘူး ကြားလို့ကတော့မြေအောက်ခန်းပဲ သွား!"

"ဟုတ်ကဲ့"

"အော် ပီးတော့ ငါ့ကိုအဲ့ကောင်လေးအကြောင်းစုံစမ်းလာခဲ့ပေး"

"အခန်းထဲကကောင်လေးလား သခင်ကြီး"

"ဟုတ်တယ် ညနေအရလိုချင်တယ်"

"ဟုတ်ကဲ့"

>>>>

"အွင်းး"

"မားမားနိုးပီလား"

"ဟွန် မွန်ပိုလေးနိုးနေတာကြာပီလား မားမားအိပ်ပျော်သွားတယ်sorryနော်"

"ရပါတယ် မီးကမားမားအိပ်နေတာကိုကြည့်ရတာသဘောကျတယ် မားမားကအရမ်းလှတာပဲ"

"မွန်ပိုလေးကိုပိုလှတာကို"

"မားမားဆီကအမွေရထားတာနေမယ် ဟိဟိ"

"စကားတတ်လေး"

"မားမားထ တခုခုသွာစားရအောင်မီးဗိုက်ဆာနေပီ"

"အင်းသွားစားကြမယ်"

.....

"ဦးဦး မီးတို့ဗိုက်ဆာပီ တစ်ခုခုလုပ်ပေးပါလား"

Revenge System(Completed)Where stories live. Discover now