"မောင်ရယ်လွမ်းကအတည်လိုက်ခိုင်းတာမှမဟုတ်တာ အီစီကလီလုပ်ရုံပဲ"

"မောင်အရုပ်လေးမှမဟုတ်ရင်ဘယ်သူ့ကိုမှအကြည့်လေးတောင်မစွန့်ကျဲချင်ဘူး"

"လွမ်းသိတာပေါ့မောင်ရဲ့ ဒါပေမယ့်အခုတော့လွမ်းအတွက်လုပ်ပေးလေနော် မောင်စဉ်းစားကြည့်လွမ်းတို့ကိုသွေးခွဲဖို့ကြိုးစားနေတဲ့သူတေကိုဒီတိုင်းလွှတ်ထားမလို့လား"

"ဒါမှမဟုတ် မောင်သူတို့ကိုလက်စဖျောက်လိုက်မယ်လေ"

"အဲ့လောက်မလိုဘူး လွယ်လွန်းတယ် လွမ်းကသူတို့အတိုင်းပြန်ကစားချင်တာ အရသာရှိတဲ့ဟင်းတစ်ပွဲလိုဖြည်းဖြည်းချင်းအရသာခံချင်တာ"

"ဟင့် ပီးတာပဲ အရုပ်လေးအတွက်လုပ်ပေးလိုက်မယ် အစီစဉ်ကဘယ်လိုလဲ"

"ဒီနားတိုးမောင်..."

ရောင်နီနဲ့နားအနားကိုကပ်ကာအစီစဉ်ကိုပြောပြလိုက်တော့မောင်ကရီလာသည်။

"ဘယ်လိုလဲကောင်းလား"

"အရမ်းမိုက် အရုပ်လေးကလူလည်လေးပဲ"

"မောင့်ရဲ့ချစ်သူပဲလေ"

>>>>>>

"bossနေမကောင်းဘူးဆို သက်သာရဲ့လားဟင်"

"မင်းနဲ့မဆိုင်! အာ သက်သာပါတယ်သီရိရဲ့ ခေါင်းတော့နည်းနည်းမူးနေတယ်"

"ဟုတ်လား သီရီသံပုရည်သွားဖျော်ပေးမယ်နော်"

"အင်း"

ခနအကြာ...

"သံပုရာရည်ရပါပီboss"

"ရင်းရင်းနီးနီးပဲခေါ်ပါကွာ"

"အဟင်း ဟုတ်ကဲ့ကိုရောင်နီ"

"သီရိဖျော်ထားပေးလို့လားမသိဘူး သံပုရာရည်ကအရမ်းသောက်လို့ကောင်းတာပဲ"

*ဝေါ့ အရုပ်လေးနှပ်ချေးကမှပိုအရသာရှိအုံးမယ်*

"ကိုရောင်နီကြိုက်ရင်တသက်လုံးဖျော်တိုက်ပေးနိုင်ပါတယ်နော်"

သီရိကအသံကိုပျစ်ချွဲကာပြည့်ဖောင်းနေတဲ့ရင်ကိုတမင်ပေါ်အောင်ကုန်းပြလိုက်သည်။

*ငါ့အလှမှာကြွေကျစမ်း*

*သည်းခံ အခုချိန်ထသတ်လိုက်ရင်အရုပ်လေးအစီစဉ်တေပျက်ကုန်လိမ့်မယ်*

Revenge System(Completed)Where stories live. Discover now