"ချိန်းတွေ့ကြတာ ဟုတ်တယ်မလား ငါမသိဘူးထင်နေကြတာလား ငါအားလုံးသိပီးသား"

"မဟုတ်ပါဘူး ကိုယ်ရှင်းပြပါရစေ"

"ဘာမှမပြောနဲ့ ငါပြောတာပဲနားထောင် ဒီနေ့ကစပီးငါ့နဲ့လာမပတ်သက်နဲ့ နောက်ပီးငါ့မှာချစ်ရမဲ့သူရှိနေပီ အခုတစ်ခေါက်တော့သူငယ်ချင်းသံယောဇဉ်ကိုထောက်ပီးငါလွှတ်ပေးလိုက်မယ် နောက်တစ်ခါငါနဲ့လာထပ်ရှုပ်ရင်တော့ငါ့အဆိုးမဆိုနဲ့"

"လွမ်း လွမ်း"

"ဘယ်လိုလုပ်ကြမလဲကို"

"ဘာမှလုပ်စရာမလိုပါဘူးကွာ သူသွားချင်သွားပါစေပိုင်ဆိုင်မှုစာချုပ်ကကိုယ်တို့လက်ထဲမှာလေ အဟက်"

"ဟုတ်သားပဲနော် ဟားဟား"

......

'ဒီစာချုပ်ကအတုကြီးပါ'

"ဘာပြောတယ်!"

"မဖြစ်နိုင်တာရှင်"

'ဟုတ်ပါတယ် ကျနော်ကစာချုပ်အလွှဲပြောင်းလုပ်လာတာကြာပါပီ အတုနဲ့အစစ်ကိုကောင်းကောင်းခွဲခြားနိုင်ပါတယ်"

"ဘယ်လိုလုပ်ကြမလဲကို"

"တောက်စ် လွမ်း လွမ်း မင်းသိပ်လည်တယ်ပေါ့ ငါ့ကိုအရူးလုပ်ရဲတယ် ဟက် ဒီအထိရောက်လာပီးမှတော့လက်ဗလာနဲ့ထွက်မသွားနိုင်ဘူး တနည်းမရရင်နောက်တစ်နည်းပေါ့"

"ကိုဘာလုပ်မလို့လဲ"

"အဲ့ကောင်ရဲ့ချစ်သူဆိုတဲ့ကောင်ကိုစုံစမ်းမယ်"

>>>>>

"မောင် ဒီနေ့နိုင်ငံခြားဧည့်သည်တေနဲ့အစည်းဝေးရှိတယ်ထမင်းစားချိန်ကျော်သွားရင်မစောင့်နဲ့နော်စားထားနှင့်သိလား"

"အင်းပါ"

"အိမ်အလုပ်တေလဲအရမ်းမလုပ်နဲ့နော် အဝတ်တေကိုမောင်ပြန်လာမှလျှော်လိုက်မယ် အရုပ်လေးကနားနေကြားလား"

"မောင်ရယ် ဒါတေပဲထပ်ခါထပ်ခါပြောနေတာလွမ်းအလွတ်တောင်ရနေပီ"

"မောင်ကလေဖြစ်နိုင်ရင်အရုပ်လေးကိုဘာမှမလုပ်ခိုင်းပဲဘုရင်လေးလိုနေစေချင်တာ အရုပ်လေးကပြောမရဘူး"

Revenge System(Completed)Where stories live. Discover now