ring ring

"ကျစ် ကြည်နူးနေပါတယ်ဆို ဒီဖုန်းကတမျိုး"

နာမည်ကိုကြည့်လိုက်တော့ထက်မြတ်ဆီကပင်....

"hello"

"လွမ်း အချစ်လေး မလာသေးဘူးလား ကိုယ်စောင့်နေတယ်လေ"

*တိုင်နဲ့ခေါင်းနဲ့လား*

"ထက်မြတ် လွမ်းလေကိစ္စလေးရှိလို့မလာဖြစ်တော့ဘူး အားနာလိုက်တာ"

"အာ ဟုတ်လား ရပါတယ်လွမ်းရဲ့ မလာဖြစ်လဲကိစ္စမရှိပါဘူး"

*ငါမလာလဲမင်းကောင်မနဲ့သာယာမှာသိသားပဲ*

"အဲ့တာဆိုဒါပဲနော်"

"နောက်မှတွေ့မယ်နော်အချစ်လေး မွ"

*ဝေါ့🤮*

.........

ရုပ်ရှင်ရုံသို့ရောက်တော့အတွဲခုံသာဝယ်လိုက်ပီး train to busanကားကိုသာရွေးချယ်လိုက်သည်။တမင်horrorကားရွေးသည်မှာအလကားတော့မဟုတ်မောင့်အကျင့်အတိုင်းဆိုဖွင့်ပြောဖို့ကိုဆယ်ဘဝလောက်စောင့်ယူရမှာပင်။ထို့ကြောင့်ရေလာချောင်းပေးဖို့ရန်အတွက်မိမိဘက်ကပြင်ဆင်ရခြင်းသာ။ဇာတ်လမ်းစတော့မီးများမှောင်သွားကာအဲလ်ယားကွန်းမှာစတင်အေးလာတော့သည်။ဘေးကမောင်ကတော့မုန့်ထုတ်များကိုင်ကာလွမ်းစားချင်သမျှကိုခွံကျွေးနေသည်။

"မောင်"

"ဟင် အရုပ်လေး ဘာလိုချင်လို့လဲ"

"လွမ်းချမ်းလာလို့"

တကယ်တော့လွမ်းမချမ်းပါဘူး၊တမင်တကာမောင့်ကိုလမ်းဖွင့်ပေးခြင်းသာ...

"မောင့်အနွေးထည်ဝတ်ထားနော် အဲ့ဒါကြောင့်ပြောတာအနွေးထည်ယူလာပါဆို"

"ဆူတာလားပြော"

"မဟုတ်ပါဘူး မောင်ကစိတ်ပူလို့ပြောတာပါ ရော့ မောင့်ဟာဝတ်ထားလိုက်"

"ဖက်ထား"

"ဟင်!"

<Zawgyi>
ခုထိမနက်စာမစားပဲပန်းကန်ကိုသာထိုင်ကြည့်နေတဲ့မောင်ကြောင့်လွမ်းရယ်ချင်စိတ်ကိုမနည်းထိန်းထားရသည်။မောင်တစ်ယောက်တော်တော်ကိုပြာယာခပ်သွားတာပင်။သူကလဲသူပဲချက်ချင်းကြီးမောင်လို့ခေါ်ကာပြေးဖက်မိတော့မောင်ကကြောင်သွားမှာကိုသတိမထားလိုက်မိဘူး။အရင်ကဆိုလိုချင်တာရှိမှခေါ်တတ်ပီးတော့အခုလိုဖက်တာမျိုးကိုတခါမှမလုပ်ခဲ့ပေ။မောင်ကလာဖက်ရင်တောင်တွန်းထုတ်ကာမကြိုက်ကြောင်းပြောနေကြ။မောင်လန့်သွားတာမဆန်းပါဘူးလေ။

Revenge System(Completed)Where stories live. Discover now