ရှိန်း(Arc -7.2)

Start from the beginning
                                    

မျက်တောင်မခတ်ပဲသူ့အားစိုက်ကြည့်ကာပြောနေသည်မှာကြောက်စရာကောင်းလှပီးရှိန်းတကိုယ်လုံးကြက်သီးများပါထသွားရသည်။

"ဆေးသောက်ပီးခနအိပ်လိုက်အုံးနော် မောင်အလုပ်လေးရှိလို့"

"မောင်တစ်ယောက်ယောက်ကိုသွားသတ်မလို့လား"

"ဟုတ်တယ် နှစ်ယောက်ကျန်သေးတယ် ဟိုမိန်းမကိုတော့နောက်ဆုံးမှဖြည်းဖြည်းချင်းသတ်မှာ"

"မောင်"

"ရှူးး အရုပ်လေး အိပ်တော့နော် စိတ်မပူပါနဲ့မောင်အားလုံးကိုသတ်ပီးရင်အရုပ်လေးဆီမှာပဲလာအဖမ်းခံမှာ"

"မောင်လူသတ်ရင်သေဒဏ်ပဲနော် မောင်ငါနဲ့ခွဲနိုင်လို့လား"

"ဟင့်အင်း မခွဲနိုင်ဘူး အဲ့တာကြောင့်အရုပ်လေးကမောင့်နောက်လိုက်ခဲ့ရမယ်ဟုတ်ပီလား ပြွတ်စ် နားတော့"

ထွက်သွားတဲ့ကျောပြင်လေးကိုကြည့်ကာသက်ပြင်းချလိုက်မိသည်။

(အဂူး မောင်ကဘယ်လိုဖြစ်တာလဲ)

(သူကငယ်ငယ်တုန်းကစိတ်ဒဏ်ရာရဖူးလို့ပါ သူ့အမေဆုံးသွားတော့သူ့အဖေကနောက်အိမ်ထောင်ပြုလိုက်တယ် သူမိထွေးကသူ့တို့မောင်နှမကိုအရမ်းနှိပ်ဆက်တာ အရွယ်နဲ့မလိုက်အောင်ရိုက်နှပ်တာတို့အမှောင်ထဲပိတ်ထားတာမျိုးတေလုပ်တတ်တယ် သိပ်မကြာခင်မှာသူတို့အဖေကလဲဆုံးသွားပြန်တယ် အဲ့မှာပိုဆိုးပီအရင်ကထက်သူတို့မိထွေးကပိုနှိပ်စက်လာတယ် သူမွေးထားတဲ့ကြောင်လေးတေကိုဆိုသူ့မျက်စိရှေ့မှာပဲသတ်ပီးအစိမ်းစားခိုင်းတယ် သူသဘောကျတဲ့ပစ္စည်းလေးတေကိုလဲသူ့မျက်စိရှေ့မှာမီးရှို့ပစ်တယ် အဆိုးဆုံကသူ့ညမလေးကိုပါဖဲကြွေးကြောင့်အသက်ကြီးကြီးလူကြီးဆီရောင်းဖို့လုပ်တဲ့အထိပဲ စိတ်ဒဏ်ရာတေစုသွားတဲ့သူကဆယ်နှစ်သားထဲနဲ့သူ့မိထွေးကိုရောသူ့ညမနဲ့ပေးစားမဲ့လူကိုပါရက်ရက်စက်စက်သတ်လိုက်တယ်)

<Zawgyi>
"သူကကိုယ့်ရဲ့ညမလေး ကိုယ့်တဲ့တစ်ဦးတည်းသောဆွေမျိုးသားချင်း ကိုယ့်မှာညမလေးပဲရှိတော့တာ ဒါပေမယ့် ညမလေးက"

"ကျနော်တောင်းပန်ပါတယ်"

"အရုပ်လေးအမှားမဟုတ်ပါဘူး အဲ့တာတေအကုန်လုံးကဟိုမိန်းမကြောင့်ပဲ ကိုယ်အားလုံကိုမြင်လိုက်တယ် အရုပ်လေးကိုသူတို့ဝိုင်းဆွဲတာလဲမြင်လိုက်တယ်"

Revenge System(Completed)Where stories live. Discover now