ရနေကြကိုယ်သင်းနံ့နှင့် သူအမြဲသောက်နေကြရေခဲတောင်ဆေးလိပ်အနံ့ကထွေးကိုမည်သူဆိုတာသိစေနိုင်သည်။

ယခုလောလောဆယ် သူကိုစကားလည်းမပြောချင်။မျက်နှာချင်းလည်းမဆိုင်ချင်ပါ။ တကယ်ဆို သူကိုဒေါသထွက်နေတာအမှန်။

အရင်ဘဝတုန်းကလည်းမင်းဘုန်းဟာရည်းစားတောင်မထားခဲ့ဖူးပါ။ခုဘဝထွေးတွင်လည်းသူပထမဆုံးရင်ခုန်မိခြင်းကသည်လူ့ကိုသာ။

ဒါကိုပင်သူကကိုယ့်ကိုသစ္စာမဲ့ခြင်းကိုတော့သေအောင်စိတ်ဆိုးမိပါသည်။

ထွေးလည်းသူ့ကိုယ်လုံးကြီးကိုရှောင်ကာထွက်လာခဲ့လိုက်သည်။

အနဂ္ဂမောင်တစ်ယောက်အံ့သြရပါသည်။တစ်ဆက်တည်းမှာပင်သူသိလိုက်သည်။ သူနှင့်ရီရီကိုမြင်၍သူစိတ်ဆိုးနေသည်သာဖြစ်မည်။

တကယ်ဆိုအဖြစ်အပျက်ကဒီလို။

ကိုယုမောင်နှင့်သူ့စာရေးလေးက အောက်ထပ်ကို ဆင်းသွားတာ။ သူတို့မသွားခင် ဘိလပ်ကပြန်ရောက်လာသောရီရီက ကိုယုမောင်ဆီဝင်လာတာ။

သူနှင့်ကလဲအရင်ကအကြောင်းတရားလေးတွေရှိနေတော့စကားပြောမိကြရင်းက သူကပြန်မည်အပြု စီးလာသော ဘိလပ်ကဝယ်လာတယ်ဒေါက်ဖိနပ်က ​ခြေချော်၍လဲကြမည်အပြုသူဝင်ထိန်းပေးရုံသာ။

ဒါကိုထွေးမြင်သွား၍အထင်လွဲသည်ထင်ပါသည်။

"ထွေး ခဏလေထွေးရယ်။ကိုယ်ရှင်းပြမယ်"

"မလိုပါဘူး"

ထွေးက လမ်းလျှောက်မပြတ်သာပြန်ပြောသည်။သူကိုလည်းလှည့်မကြည့်။ထွေးသူကိုအခုလော​ေလာဆယ်မကြည့်ချင်သေးပါ။

"ေထွး ကိုယ်ပြောတာနားထောင်နော်မဟုတ်ရင်ကိုဒီနေရာမှာတင်ထွေးကိုဖက်နမ်းမှာ"

အနားနားကပ်ကာပြောလာသောထိုလူကိုထွေးကုတ်ဖဲ့သာဆွဲပြစ်လိုက်ချင်သည်။

ဒါသပ်သပ်လူကိုသူ့ဗလအားကိုးနဲ့အနိုင်ကျင့်တာ။ ဘေးနားကလူဇော်ကလည်းကိုယ်ခြေလှမ်းရပ်တော့သူပါလိုက်ရပ်သည်။

"လူဇော်အရင်ပြန်နှင့်လေ။ထွေးကို ကျုပ်အပြင်ခဏခေါ်သွားစရာရှိလို့"

ချစ်သော "ထွေး" (Complete)Where stories live. Discover now