"..."

"ကဲပြောစရာမရှိဘူးဆိုငါ တို့ ဒီမှာပဲအစည်းဝေးရပ်ကြရအောင်"

ထိုအခိုက်သေနတ်သံတစ်ခုက ညအမှောင်ကိုရောထိုဂိုဒေါင်အတွင်းကိုရောကို ထိုးဖောက်မြည်ဟိန်းသွားသည်။

"ဒိုင်း....."

"ဟ မင်းမေဘိုးအေ ဟိုအဖြူကောင်တွေကဘယ်လိုရောက်လာတာလဲ"

သူတို့လည်းရုတ်ချည်းအလစ်ဝင်တိုက်ခံလိုက်ရသဖြင့် ထွက်ပြေးသူကပြေး၊သေနတ်မှန်သူကမှန်နှင့် ၁၅မိနစ်ခန့်သာကြာသည်။ထိုတိုက်ပွဲလေးကအဆုံးသတ်သွားသည်။

လမ်းမတော်ဖိုးတေ အပါဝင်အဖွဲ့ဝင်ငါးဦးကိုလက်ရဖမ်းမိသည်။

ဂိုဒေါင်အထွက်နားတွင်ယုမောင်နှင့်လူဇော်ကရပ်စောင့်နေလျက်။

လူဇော်ကိုလမ်းမတော်ဖိုးတေ ကမြင်လေသော်။

"အော်လက်စသတ်တော့မင်းလက်ချက်ကိုးလူဇော်"

".."

"ထမင်းကျွေးတဲ့လက်ကိုပြန်ကိုက်တဲ့ကောင် ထွီ...မင်းငါ့အကြောင်းကောင်းကောင်းသိစေရမယ်"

"Go......"

လမ်းမတော်ဖိုး​ေတမှာ လူဇော်ကိုပြောရင်းမျက်နှာကိုတံထွေးနှင့်ထွေးပစ်လိုက်သည်။ထိူ့နောက်သူကိုဖမ်းလာသောနောက်ကကောင်ကသေနတ်နှင့်ချိန်လျက် ပြောလာတော့သူမှာအားမတန်၍မာန်ကိုလျော့ကာလိုက်ပါခဲ့ရတော့သည်။

"ဘာမှမဖြစ်နဲ့လူဇော်မင်းလုပ်ရပ်မှန်တယ်"

ယုမောင်ကဝမ်းနည်းနေဟန်ရှိသောလူဇော့်ပုခုံးကိုတစ်ချက်ဖက်ကာညှစ်လျက်ဆိုလေသည်။

"ကဲငါတို့လဲနောက်ကျနေပြီပြန်ကြစို့။ မင်းဒီညတော့ငါတို့အိမ်မှာပဲလိုက်အိပ်လေ။မင်းအိမ်ထိဆိုအဝေးကြီးပဲ"

"ဟုတ်ကဲ့ဆရာ"

ထိုသို့နှင့် သူတို့လည်း အိမ်ပြန်လာဖြစ်ခဲ့ကြသည်။

******************************************

အနဂ္ဂမောင်နှင့်ထွေးလည်း အလုပ်ကိစ္စများပြီစီး၍ ရန်ကုန်သို့ပြန်လာခဲ့ကြသည်။လမ်းတွင်တော့တစ်လမ်းလုံး ထွေးက အနဂ္ဂမောင်ပုခုံးကို မှီလျက်လိုက်လာခဲ့သည်။

ချစ်သော "ထွေး" (Complete)Where stories live. Discover now