💜Part15💜

23.5K 2K 72
                                    

ကျွန်တော်လည်းမဆီမဆိုင် မြစ်ပြင်ကျယ်ကိုကြည့်မ်ိတော့ လှေကလေးတစ်စီးကရပ်ထားတာဒီအတိုင်း။အကြံတစ်ခုကိုချက်ချင်းရလိုက်သည်။

"ကိုမောင် ထွေးတို့ လှေစီးကြရအောင်"

"ဘယ်မှာလဲထွေးရဲ့ လှေက"

"ဟိုမာလေ"

ထွေးညွှန်ပြရာအနဂ္ဂမောင်ကြည့်မိတော့ သစ်သားလှေသေးသေးလေးက ကမ်းစပ်မှာရပ်ထားလျက်။

ကျွန်​ေတ်ာဆိုတဲ့ အနဂ္ဂ​​မောင်ကလည်း ထွေးအလိုတော်ကျ။ထွေးသဘောမို့။ထွေးခေါ်ဆောင်ရာပေါ့ဗျာ။

******

လက်ထဲတွင် ရေဒီယိုလေးက ပါလာလျက် သူတို့လှေကလေးကမြစ်အလယ်သို့ပင်ရောက်လာလေသည်။

အကိုကလှေလှော်လို့ကျွန်တော်က အကို့ရှေ့ထိုင်ကာသီချင်းလေးများလည်းဖွင့်ရင်းရသည့်သီချင်းများကိုလိုက်ညီးရင်းနှင့်။

အနဂ္ဂမောင်လည်း မိမိရှေ့က ကိုယ့်အသက်တစ်မျှချစ်ရသောကောင်လေးရဲ့ဖြူသွယ်သွယ်လက်ကလေးများနှင့်ရေကလေးများကိုဆော့ကစားနေဟန်ကိုကြည့်ရင်းသူပါပြုံးမိသည်။

ဒါကြောင့်စကားအဆိုရှိတာထင်သည်။

"ချစ်တဲ့သူပြုံးပျော်ရွှင်ရင်ထိုအပျော်တွေက ကိုယ့်ကိုပါကူးစက်တတ်လေသည်ဆိုတာ"

မိုးကလေးကခပ်ညိုညိုနှင့်။ ရေဒီယိုကထွက်လာသောသီချင်းက ဓာတ်ဆက်မင်းသမီးကြီး မေရှင်၏ 'ရွှေမိုးညို" သိီချင်းလေး။

ထွေးလည်းထိုသီချင်းကို 2020တုန်းက မေလသံစဥ်ပြန်ဆိုထားသဖြင့်ရနေသောကြောင့်လိုက်ညီးမိလိုက်သည်။

"(လှုိင်းကလေးတွေဖွေးတဲ့.....
မြစ်ဧရာပြင်ဝယ်.....🌊🌊
ခင်နဲ့မောင်လောင်းလှေစီးကာ လျောင်းမွေ့လိုရယ်) 2

စောင်းပုလွေဘာဂျာစုံတယ်..... သာယာပုံတွေရယ်....
အထက်ကျော်ဂယက်မော်....
ဝေ့ရောက်တော့မယ်လှော်စမ်းကွယ်..

(မောင့်မျက်နှာတဖြေးဖြေးပြုံးလို့လှော်ပုံတွေဆန်းကြယ်.....
ကြက်သီးများတဖြန်းဖြန်းထလို့ ခင့်...ကိုကိုရယ် ရှက်အားကြွယ်..)2

ချစ်သော "ထွေး" (Complete)Where stories live. Discover now