ယုခိ(Arc -5)

Start from the beginning
                                    

တဖြည်းဖြည်းဒေါသထွက်လာတဲ့ရွှန်းကြောင့်သက်တော်စောင့်များမှာအသက်တောင်မရှူရဲကြတော့ပေ။

"သူ သူကအဲ့လိုလူမျိုးမဟုတ်ပါဘူး ယုံကြည်လို့ရပါတယ်"

"မင်းအာမခံနိုင်လား ငါ့သမီးတစ်ခုခုဖြစ်ကြည့်အားလုံးကိုငရဲထက်ဆိုးတဲ့နေရာကိုပို့ပစ်မယ်!"

ထိုနေရာကမြေအောက်ခန်းပင်ငရဲထက်ပင်ကြောက်ဖို့ကောင်းလှသည်အပြစ်ပေးတဲ့နေရာမို့ယောင်လို့တောင်ခြေဦးမလှည့်ချင်ကြပေ။

"အခုချက်ချင်း ငါ့သမီးဆီသွားမယ် ဟိုကောင် အပြင်လူကိုခေါ်လာတာမင်းမလား ငါနဲ့လိုက်ခဲ့"

"ဟုတ်ကဲ့ပါ သခင်ကြီး"

*ohh Godကျနော့်ကိုကယ်ပါအုံး ငါတော့သေပီထင်တယ်*

ရွှန်းရဲ့ခက်ထန်သောမျက်နှာထားကြောင့်တအိမ်လုံးခေါင်းငုံ့ကာထိုသက်တော်စောင့်လေးအတွက်ဆုတောင်းပေးနေကြသည်။ရွှန်း မွန်ပိုလေးရဲ့အခန်းတံခါးအားဖွင့်လိုက်တော့ကုတင်ပေါ်မှာကျောပေးကာအိပ်နေတဲ့ကောင်လေးနဲ့နဲ့မွန်ပိုလေး။အနားကိုခြေလှမ်းကျဲနဲ့လျှောက်သွားကာကျောပေးကာအိပ်နေတဲ့သူကိုနှိုးရန်အလုပ်ထိုကောင်လေးကလှုပ်ရွလာကာပက်လက်လေးလှန်ပီးပြန်အိပ်ပျော်သွားသည်။

ရွှန်းကတော့ထိုနေရာမှာပဲကျောက်ရုပ်ကြီးလိုရပ်နေမိသည်။ကုတင်ပေါ်ကကောင်လေးကကြွေရုပ်လေးအလားလှပပီးအသားလေးတေကဖြူအုနေသည်။နှုတ်ခမ်းလေးဟကာအိပ်နေတဲ့သက်ရှိအရုပ်လေးကအနည်းငယ်လန်နေတဲ့အင်္ကျီအောက်ကဗိုက်သားဖြူဖြူလေးလဲပေါ်နေသည်။အချိန်အတော်ကြာသည်အထိအကြည့်မလွှဲနိုင်ဖြစ်နေသည့်ရွှန်းပင်။

<Zawgyi>
(missionကအသက်မသေစေရန်နဲ့ဇာတ်လိုက်မရဲ့မျက်နှာဖုံးကိုခွာချရန်ပါ)

(ကောင်းပီ)

*ယုခိလို့ပဲသုံးပါတော့မယ်*

"အကို အကို"

"ဟင် အင်း sorry ကျနော်အိပ်ပျော်သွားတယ်"

"ရပါတယ်ဗျ အိမ်တော်ကိုရောက်ပါပီ"

"အင်း"

ပေါင်ပေါ်ကကလေးမလေးကိုကြည့်လိုက်တော့နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်။

Revenge System(Completed)Where stories live. Discover now