"လူဇော်ပါ ... မပိုင်ရင် ခြင်ကိုတောင်မျက်စာပစ်မပြဘူးမှတ်"

ကားလေးကတဖြည်းဖြည်းနှင့်ဆေးခန်းရှိရာရပ်ကွက်နားသို့ရောက်လာသည်။သူလည်းမျက်စိတစ်ဖက်ကိုမှိန်မှိန်လေးဖွင့်ကာပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်လိုက်တော့ လူသူကကင်းရှင်းလို့။

အချိန်ကိုက်ပဲလူဇော်ရေ။လှုပ်ရှားလိုက်တော့။

"ဟင်း ဟင်း ကိုယုမောင်ရေ အားတော့နာပါရဲ့ဗျာ ခင်ဗျားမှာပါသလောက်လေး အကုန်ထုတ်လိုက်ပါအုံးဗျာ"

ကားမောင်းရင်းမိမိလည်ပင်းနားရာက်လာသော ဓားကြောင့် ယုမောင်တစ်ယောက်ရုတ်တရက် မှင်သက်သွားရသည်။

'ဧကန္တ ငါအခု အေးဓားပြတိုက်ခံနေရတာလား"

"မင်းကငါလိုရာဇဝတ်အုပ်ကို ဓားပြတိုက်ရဲတယ်ပေါ့"

ယုမောင်လည်းကားကိုလမ်းဘေးသို့ ထိုးရပ်ကာထိုဓားပြလေး ဘက်သို့လှည့်မိသည်။

မိန်းကလေးလိုဝတ်စားထား၍မိန်းကလေးထင်မိတာ။ ထင်လည်းထင်ချင်စရာလေ။အသားကခပ်ဖြူဖြူ ၊ အရပ်က ငါးပေခြောက်လောက်နဲ့ မျက်ဝန်းနက်ကလေးတွေ ။ပါးလွှာတဲ့နှုတ်ခမ်းဖျား။

နောက်ပြီး ဘာတွေထည့်ထားမှန်းမသိသောရင်ဘတ်ကခပ်မို့မို့မဟုတ်လား။

သူလည်းကြောင်နပြီး ထိုကောင်လေးရင်ဘတ်ကိုအကြည့်ရောက်နေမိသည်မှာ မည်မျှပင်ကြာသည်မသိ။

"ခင်ဗျားဘယ်လာကြည့်တာလဲ!...
ကဲဟယ် အဲ့တာမျက်စိသရမ်းချင်အုံး"

လူဇော်လည်းမိမိရှေ့မှယောကျ်ားချင်းကို အားမနာရှာမကျိုး ကိုယ့်ရင်ဘတ်နားကိုစိုက်ကြည့်နေသောသူကြာင့် ပါးကိုခပ်ဆတ်ဆတ်တချက်ရိုက်ပစ်လိုက်သည်။

"မင်း....ငါ့ပါးကို...."

"ထပ်ကြည့်ရင်ခင်ဗျားကိုဒီဓားနဲ့လည်ပင်းကိုပေးတွေ့မယ်"

ထိုအခါမှယုမောင်လည်း အံကြိတ်ရင်းသာငြိမ်နေလိုက်ရသည်။ အလှည့်ကျမနွဲ့စတမ်းပေါ့ကောင်လေးရာ။

သူလဲအခုမှသတိရတယ်။သူ့ခါးကြားမှာအမြဲဆောင်နေကြ သေနတ်ရှိသေးတာပဲ။

ချစ်သော "ထွေး" (Complete)Where stories live. Discover now