အခန်း ၂၇

Start from the beginning
                                    

ချီရှို့ရဲ့လက်ကြီးက သူ့ပါးကို ပွတ်သပ်နေကာ သူအိပ်မက်ထဲမှာ ကိုင်ခဲ့ရတဲ့ သူ့မေမေရဲ့လက်လိုပင် နွေးပြီးခြောက်သွေ့နေသည်။ 

ချောင်းရှန်က စိတ်သက်သာသွားပြီး ရှောင်ချန်းလဲ့က ဒီမှာရှိမနေတာကို တွေ့သွားပြီး သံသယဖြင့်မေးလိုက်သည်။ "ချန်းလဲ့ကဘယ်မှာလဲ"

ချီရှို့ကပြန်ဖြေသည်။ "ကိုယ့်အမေအခန်းထဲမှာ။ အိပ်ပျော်နေပြီးပြီထင်တယ်"

ချောင်းရှန်က သူ့မျက်နှာအောက်က ရင်ဘတ်ကြွက်သားတွေကို ပွတ်သပ်ကာ ပြောလိုက်သည်။ "အစ်ကို ကျွန်တော့်မှာအစ်ကိုပဲရှိတော့တယ်"

ချီရှို့က သူအိပ်မက်ကိုထပ်တွေးပြီး ထပ်နာကျင်နေရမှာစိုးတာကြောင့် ပွေ့ဖက်ကာ ပြန်ပြောလိုက်သည်။ "ကိုယ် မင်းရဲ့ဘေးမှာ အမြဲတမ်း ရှိနေမှာ။ ပြီးတော့ ချန်းလဲနဲ့ ချန်းလဲ့ရဲ့ ညီလေး ညီမလေးတွေရော"

ချောင်းရှန်ကရယ်မောကာ ပြောလိုက်သည်။ "မဟုတ်ဘူး။ ငါတို့ပဲရှိတယ် ဟုတ်ပြီလား"

ဘယ်လိုပဲဖြစ်ဖြစ် သူက ယောက်ျားတစ်ယောက်အဖြစ် ၂၆နှစ်တောင် နေလာခဲ့ပြီး ကလေးက မမျှော်လင့်ပဲ ရောက်လာတာလေ။ အချိန်ကိုက်သွားတာကြောင့် သူ့လက်ခံလိုက်ရပေမယ့် တကယ်တော့ သူ့ရဲ့ ဘဝအစီအစဥ်တွင် ကလေးရှိဖို့ မစီစဥ်ထားပေ။ အတိတ်တုန်းကတော့ ချီရှို့က မိသားစုမှာ ကလေးတွေက အရေးအကြီးဆုံးလို့ တွေးထားပေမယ့် သူ့မှာ ချောင်းရှန်ရှိလာကတည်းက တစ်ခါတစ်ရံ ကလေးတွေက အနှောက်အယှက် ပေးလွန်းတယ်လို့ ခံစားလာခဲ့ရသည်။ သူ့ဘေးမှာ ချောင်းရှန်ရှိနေသရွေ့ ကလေးဘယ်လောက်ကများ အရေးပါနိုင်တော့မှာမို့လို့လဲ။ 

"ကောင်းပြီ။ ကိုယ်တို့မှာ ကိုယ်တို့ရှိဖို့ပဲ လိုတယ်" ချီရှို့က ပြောပြီးနောက် ချောင်းရှန်ကလည်း တိတ်သွားကာ တစ်ယောက်နှင့်တစ်ယောက် ဖက်ထားလိုက်ကြသည်။ တဖြေးဖြေးနဲ့ ချောင်းရှန်က အိပ်ငိုက်လာခဲ့သည်။

တစ်ညလုံး သူ့ပါပါးကို မတွေ့ရတာကြောင့် ရှောင်ချန်းလဲ့က မနက်စာ စားပြီးတာနဲ့ သူ့ပါပါးအခန်းဆီ ပြေးတော့သည်။ သူ့ပါပါး အိပ်နေတာကို မြင်တော့ အိပ်ရာဘေးတွင်ရပ်ကာ တိုတိုးလေးခေါ်လိုက်သည်။ "ပါပါး" 

ရှေးခေတ်ကာလတွင် ကလေးပြုစုပျိုးထောင်ခြင်း (Completed)Where stories live. Discover now