ရှောင်းယွမ(Arc -3.5)

Start from the beginning
                                    

"အင့်"

ဘုတ်

ချူးဝမ်မှာသူ့မျက်စိရှေ့တွင်လဲကျသွားတဲ့အရုပ်လေးကြောင့်စိုးရိမ်စိတ်ကလျှံကျသွားသည်။

"အရုပ်လေး အရုပ်လေးထပါအုံး ဟင်!"

ရှောင်းယွမ်ရဲ့နောက်ကျောတွင်စိုထိုင်းထိုင်းဖြစ်နေတာကြောင့်ကိုယ်လေးကိုလှည့်ကြည့်မိတော့ဝတ်ရုံအဖြူလေးဟာသွေးများဖြင့်ရဲရဲနီနေသည်။

"တောက် ဘာရပ်ကြည့်နေတာလဲ သမားတော်ခေါ်ကြစမ်း!!"

ဒေါသထွက်နေတဲ့ချူးဝမ်ကြောင့်လီရှားဟာတုတ်တုတ်မျှပင်မလုှပ်ရဲပေ။

"လာကြစမ်း! ဒီကလူအားလုံးကိုကြိမ်ဒဏ်အချက်ငါးရာစီပေးလိုက် မိဖုရားခေါင်ပါမချန်နဲ့!"

"မင်း မင်းကြီး"

"အထွန့်တက်တဲ့သူတေဆိုနောက်ထပ်ငါးရာထပ်တိုးမယ်"

ထို့နောက်ရှောင်းယွမ်အားညင်သာစွာပွေ့ချီပီးခေါ်ဆောင်သွားသည်။ထို့အတူကိုယ်ရံတော်ကျန်းကလဲကိုယ်လုပ်တော်ရှင်းအားပွေ့ချီသွားသည်။

>>>>

"အင်းးး အ့"

"အရမ်းမထနဲ့အုံးအရုပ်လေး"

"မင်းကြီး"

"နာနေတဲ့နေရာရှိနေသေးလားဟင်"

"မင်းကြီးရဲ့မျက်နှာကိုမြင်လိုက်ရတော့သက်သာသွားပီ"

"ကိုယ်တောင်းပန်ပါတယ် ကိုယ်ပေါ့ဆလို့ဖြစ်ရတာပါကွာ"

"မဟုတ်တာ မင်းကြီးနဲ့ဘာမှမဆိုင်ပါဘူး"

"ဆိုင်တယ် အားလုံးကကိုယ့်ကြောင့်ပဲ အဲ့ဒါကြောင့်အရုပ်လေးကိုဘယ်သူမှထပ်ပီးမထိခိုက်နိုင်အောင်ကိုယ်လုပ်မှဖြစ်တော့မယ်"

"ဟင်!ဘယ်လိုလဲ"

>>>>>>

"မိဖုရားခေါင်!မိဖုရားခေါင်!"

"တောက်စ် ဘယ်သူအော်နေတာလဲ"

ကြိမ်ဒဏ်ပေးခံလိုက်ရတဲ့လီရှားမှာကုတင်ပေါ်တွင်မှောက်ယှက်သာလှဲနေရသည်။

"မိဖုရားခေါင်ကြီး သတင်းဆိုးပါပါတယ်"

"ဘာသတင်းဆိုးလဲ"

Revenge System(Completed)Where stories live. Discover now