ထွက်သွားဖို့လုပ်နေတဲ့ကောင်လေးရဲ့လက်ကိုလှမ်းဆွဲလိုက်တော့..

"လွှတ်ပေး"

"ကိုယ်လွှတ်ပေးရင်မင်းကထွက်သွားမှာလေ"

"ဘာကိစ္စရှိလို့လဲ ကျနော့်လက်ကိုခုလိုကိုင်ထားတာသူများတေမြင်ရင်တမျိုးထင်မှာမကြောက်ဘူးလား"

"နောက်ဆုံးစာမျက်နှာကိုဘာလို့မရေးတာလဲ"

"ဟင်"

"နေ့တိုင်းကိုယ့်တုံ့ပြန်ချက်တေကိုရေးပီးမနေ့ကဟာကိုဘာလို့မရေးတာလဲ"

"ကျနော်ဘယ်တော့မှဆက်မရေးတော့ဘူး ခဗျားကgayတေကိုမုန်းတယ်မလား ကျနော်ကgayလေ အဲ့တော့gayတစ်ယောက်ကခဗျားအကြောင်းတေကိုလိုက်ထောက်လှမ်းနေမှာကိုခဗျားသဘောမကျလောက်ဘူးလေ"

"ကိုယ်မပြောမိပါဘူး"

"ဘာကိုလဲ"

"ကျစ် မကြိုက်ဘူးလို့မပြောမိဘူးလို့"

"အဲ့လိုဆိုရင်တောင်ကျနော့်ဘက်ကနောက်ဆုတ်မှာမိုလို့ခွင့်ပြုပါအုံး"

"အရုပ်လေး!"

ခေါ်သံအားလျစ်လျူရှုကာရသထွက်လာခဲ့တယ်။ထိုနာမ်စားလေးကမောင်တစ်ယောက်သာခေါ်ဖူးတဲ့နာမ်စားလေး။သူ့စိတ်ထဲတွင်အတွေးများစွာဝင်လာပေမယ့်မဟုတ်လောက်ပါဘူးဟုသာဖြည့်တွေးလိုက်သည်။

"ကိုမင်း"

"...."

"ဟို သူ့ကိုစိတ်ထဲမထားပါနဲ့အဲ့လိုကောင်တေကခနတာသာယာမှုကိုပဲရှာချင်နေကြတာ ကိုမင်းစိတ်မကောင်းမဖြစ်နေရင်ရတီအဖော်လုပ်ပေးမယ်လေ အဟင်း"

"မင်းကဆာနေတာလား"

"ရှင်"

"အရှက်ကိုမရှိဘူး"

ပြောကာထွက်သွားတဲ့မင်းအတ္တကြောင့်အံကိုကြိတ်ကာလက်သီးကိုတင်းတင်းဆုတ်လိုက်ပီး...

"နှစ်ခါ ဟိုအကောင်ကြောင့်အရှက်ကွဲတာနှစ်ခါရှိပီ တောက်စ် နေနှင့်အုံးပေါ့ ရတီဆိုတဲ့ငါ့အကြောင်းပြရသေးတာပေါ့"

<Zawgyi>
တံခါးကိုဆောင့်ပိတ်လိုက်တဲ့သားဖြစ်သူကြောင့်ဦးမင်းမဟာမှာသက်ပြင်းချရုံသာတတ်နိုင်တော့သည်။

Revenge System(Completed)Where stories live. Discover now