𝗝𝗲𝗼𝗻 𝙄𝙣𝙩𝙧𝙤

9.8K 410 24
                                    

Unicode

"ကိုကို ကိုကိုရေ...."

"ဟယ်ယောင်းလေးဖြေးဖြေးချော်လှဲမယ်"

"တီတီယွန်းးကိုကိုရော "

"ကိုကိုလားကျောင်းသွားတယ်လေယောင်းလေးရဲ့ "

"အာဟုတ်လားယောင်းလေးကကိုကို ကိုလာခေါ်တာ မာမီကရေခဲမုန့်ဝယ်လာလို့ ယောင်းလေးတစ်ယောက်တည်းစားရတော့မှာပေါ့"

ယောင်းလေးကအစားတစ်ခုရှိရင် သူကိုကိုကိုနဲ့အတူတူမျှဝေစားတတ်တဲ့ကလေးပါ စိတ်ထားဖြူစင်တဲ့ကလေး မြင်တဲ့လူတိုင်းချစ်ရပါစေဆိုတဲ့ဆုနဲ့ ပြည့်နေတဲ့ကလေးလေး အဲ့ဒါကြောင့်သားငယ်က သူညီလေးကိုထိတဲ့ဘယ်သူမဆိုမကြိုက်ပါ
သူငယ်ချင်းကြီးးဂျီမင်တောင်ယောင်းလေးနားကပ်ရင်မကြိုက်တဲ့ပိုကိုပိုလွန်းတဲ့ကိုကိုပေါ့....။

"တီတီယွန်း ယောင်းလေးပြန်တော့မယ်နော် ကိုကိုပြန်လာရင်ယောင်းလေးဆီလွှတ်ပေးအုန်းနော်"

"ဟုတ်ပါပြီရှင့် ဖြေးဖြေးသွားနော် လမ်းမှာလှဲနေအုန်းမယ် ကိုကိုပြန်လာရင်ပြောလိုက်ပါ့မယ်ရှင့်"

"ဟီးးတီတီယွန်းက ချစ်ဖို့အကောင်းဆုံးပဲ"

ပြောလဲပြောBoxy Smileလေးနဲ့ဖက်ပြီးးနမ်းပါလေရော ယောင်းလေးကအဲ့လိုလေးလဲ ချစ်ဖို့‌ကောင်းပါသေးသည် လိုချင်တာရှိရင်ဘယ်လိုယူရမလဲဆိုတာ ကောင်းကောင်းသိသည် 4နှစ်သားလေးသာရှိသေးတဲ့ယောင်းလေးကနှစ်အိမ်လုံးရဲ့အချစ်ခံလေးပေါ့.....။
.

.

.

.

.

"အသေးလေးကိုကိုအခန်းထဲမှာဘာတွေလာဖွနေတာလဲ"

ခေါ်လိုက်တော့ တုန်သွားတဲ့ကိုယ်လုံးလေးကြောင့် သေချာပါတယ်တစ်ခုခုမွှေထားလို့ မလုံတာ ဂျောင်ဂုတို့အသေးလေးအကြောင်းကောင်းကောင်းသိပါသည်....။

"ဘာ ဘာမှမဖွပါဝူးကိုကိုရဲ့ ယောင်းလေးကကိုကို ကိုမျှော်နေတာ"

"မျှော်နေတာဟုတ်လို့လား အိမ်မှာမုန့်လာစားတာမဟုတ်ဘူးလား"

"ယောင်းလေး ဘာမှမစားရသေးပါဝူးနော် မယုံရင်တီတီယွန်းကိုမေးကြည့် ကိုကိုအိမ်မှာမှမဟုတ်ပါဝူးနော် ယောင်းလေးအိမ်မှာလဲမုန့်တွေရှိတယ်သိလား ကိုကို ကိုတွေ့ချင်လို့လာတာကို လူကိုစွပ်လားစွဲလားနဲ့ ပြန်တော့မယ်"

𝗝𝗲𝗼𝗻 𝗧𝗮𝗲𝗛𝘆𝘂𝗻𝗴 {𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲𝗱}Where stories live. Discover now