အခန်း ၁၈

Start from the beginning
                                    

ချီရှို့က ခဏရပ်လိုက်ပြီး ချောင်းရှန်ရဲ့ နားနားကိုကပ်ကာ တိုးတိုးလေးပြောလိုက်သည်။ "မင်းရဲ့အလုပ်ကြိုးစားမှုအတွက် ကျေးဇူးပါပဲ ကိုယ့်ရဲ့ ချောင်းအာ"

ချောင်းရှန်ရဲ့နားရွက်က သူ့ရဲ့အသက်ရှူသံကြောင့် ယားယံလာကာ ပုခုံးကို ကျုံ့ပြီး ချီရှို့ကို ကြည့်လိုက်သည်။ ချီရှို့က သူ့ကိုညင်သာစွာကြည့်နေပြီး ထူထဲတဲ့ မျက်ခုံးမွှေးတွေနှင့် ပါးလျတဲ့နှုတ်ခမ်းတွေက အနည်းငယ် ပင့်တက်နေသည်။ချောင်းရှန်က မှီလိုက်ပြီး ချီရှို့ရဲ့မေးကိုလှမ်းနမ်းလိုက်ကာ ရင်ခွင်ထဲလှည့်ဝင်လိုက်ပြီး တစ်ယောက်နှင့် တစ်ယောက် မျက်နှာချင်းဆိုင် ပွေ့ဖက်ထားကြသည်။ ချောင်းရှန်ရဲ့နဖူးက ချီရှို့ရဲ့ လည်ပင်းဆီ ရောက်နေပြီး ချီရှို့က သူ့ခေါင်းကိုငုံ့ကာ ဦးခေါင်းထိပ်ကို ပွတ်သပ်လိုက်သည်။

နှစ်ယောက်သားခဏတာပွေ့ဖက်ခဲ့ပြီးနောက် ချောင်းရှန်က မနက်စာပြင်ဖို့ သွားခဲ့ပြီး ချီရှို့က ရှောင်ချန်းလဲ့ကို သေးတည်ပေးဖို့ သွားခဲ့သည်။ သေးပေါက်ပြီးတဲ့နောက် သူက အိပ်ချင်နေတုန်းပဲမို့ ချီရှို့က မီးဖိုချောင်ထဲ သွားခိုင်းလိုက်ပြီး ချောင်းရှန်က မီးမွှေးထားသည်။ 

မနက်စာစားပြီးတဲ့နောက်တွင် ချီရှို့နှင့် ချောင်းရှန်က  ဆောင်းရာသီဝတ်အဝတ်အစားတွေ မှာယူဖို့ အထည်ဆိုင်ကိုသွားရန် စီစဥ်ခဲ့ကြသည်။ ဆောင်းရာသီတွင် အပူချိန်က အမြန်ကျဆင်းတတ်သည်။ လွန်ခဲ့တဲ့ရက်အနည်းငယ်က မေမေချီက အသစ်ရိတ်သိမ်းထားတဲ့ဝါဂွမ်းတွေကို ရှောင်ချန်းလဲ့အတွက် ဆောင်းရာသီဝတ်ကုတ်အင်္ကျီ လုပ်ပြီး ပို့ပေးခဲ့သည်။ ချောင်းရှန်က ထူထဲသည့် အဝတ်အစားအချို့ ပြင်ဆင်ထားဖို့လိုကြောင်း နားလည်လိုက်သည်။ 

"ဆောင်းဝင်တော့မယ်။ ချန်းလဲ့က အများကြီး ကြီးလာပြီ။ အရင်နှစ်ကဟာတွေ ဝတ်မရတော့မှာ စိုးရတယ်။ မနက်ခင်းမှာ အဝတ်အစားတွေ သွားဝယ်ကြရအောင်"

ချောင်းရှန်က ရှောင်ချန်းလဲ့ရဲ့ ကုတ်အင်္ကျီလေးကို ကိုင်ကာ ချီရှို့ကို ပြောလိုက်သည်။ 

ရှေးခေတ်ကာလတွင် ကလေးပြုစုပျိုးထောင်ခြင်း (Completed)Where stories live. Discover now