အခန်း ၁၀

Start from the beginning
                                    

ဆားဖြူးထားတဲ့ကြက်ဥအနှစ်တွေကိုယူကာ အပေါ်ကဆားတွေကို ဖယ်ပြီး ကြက်ဥအနှစ်ကို ကြာစေ့အနှစ်နဲ့ထုပ်ကာ ကြာစေ့အနှစ်ကို မုန့်ညက်ဖြင့် ထပ်ထုပ်လိုက်ပြီး အလုံးလေးရအောင် လှိမ့်ကာ မီးဖိုပေါ်တင်၍ ဖုတ်လိုက်သည်။

သူလုပ်ထားတဲ့လမုန့်တွေကို ကြည့်ကာ ချောင်းရှန်က အနည်းငယ် ရယ်ချင်သွားသည်။ ပုံစံခွက်မရှိတာကြောင့် ဖုတ်ထားတဲ့ လမုန့်တွေက ကြက်ဥအနှစ်မုန့်နဲ့ တူနေပေမယ့် အရသာက အလွန်ကောင်းသည်။ ပြီးတော့ သူတို့ကို သဘာဝပါဝင်ပစ္စည်းတွေနဲ့ ပြုလုပ်ထားသည်။ 

ဒါပေမယ့် ပုံစံက အရသာကိုမထိခိုက်စေပေ။ ဖုတ်ထားတဲ့မုန့်ညက်သားက နူးညံ့နေကာ ကြာစေ့အနှစ်ကလည်း ချိုပြီး အရသာရှိလှသည်။ ရှောင်ချန်းလဲ့က အလွန်အားပေးထောက်ခံကာ တစ်ခုစားပြီးတာတောင် ထပ်တောင်းနေပြီး ချောင်းရှန်က နေ့လည်စားစားဖို့ချော့ပြောတော့ စိတ်ရှုပ်သွားခဲ့သည်။ လမုန့်က ဆီနှင့် သကြားများလွန်းတာကြောင့် ကလေးတွေအများကြီးစားလျှင် အစာအိမ်နှင့်အူလမ်းကြောင်းထိခိုက်မှု ဖြစ်စေနိုင်သည်။ 

နေ့လည်စားပြီးနောက်  ရှောင်ချန်းလဲ့ကတရေးအိပ်ဖို့ငြင်းဆန်ကာ အပြင်သို့သွားချင်ခဲ့သည်။

"ဘယ်သွားမလို့လဲ။ ဒီလောက်ခြံအကျယ်ကြီးကိုတောင်မှ မနေချင်ဘူးလား"

ချောင်းရှန်က ထိုင်ကာ ရှောင်ချန်းလဲ့ကို ဖက်လိုက်သည်။

"Uh...ရောင်း"

ရှောင်ချန်းလဲ့က သူ့ခန္ဓာကိုယ်လေးကို တွန့်လိမ်လိုက်သည်။

"မရဘူး။ ဒီနေ့မသွားဘူး"

"Um..huh..huh.."

ရှောင်ချန်းလဲ့က မျက်မှောင်ကြုတ်ကာ ပါးစပ်ဟပြီး အော်လိုက်သည်။ စျေရောင်းဖို့ငါ့ကိုမခေါ်သွားရင် ငါငိုလိုက်တော့မယ်ဆိုတဲ့ မျက်နှာမျိုး ဖြစ်နေသည်။

ချောင်းရှန်က မုန့်ထည့်တဲ့ပုံးကိုယူကာ လမုန့်အချို့ဖြည့်လိုက်ပြီး ရှောင်ချန်းလဲ့ကို ခေါ်ကာ လက်သမားဆိုင်သို့ ချီရှို့ကိုတွေ့ဖို့ ထွက်ခဲ့ကြသည်။ အထူးသီးသန့်အနေဖြင့် ချောင်းရှန်က သူစားစရာ လတ်လတ်ဆတ်ဆတ်ချက်ပြုတ်တဲ့ အခါတိုင်း ပထမဆုံးအရာကို ချီရှို့ကို ပေးလေ့ရှိသည်။

ရှေးခေတ်ကာလတွင် ကလေးပြုစုပျိုးထောင်ခြင်း (Completed)Where stories live. Discover now