part38

3.8K 481 12
                                    

unicode
အပိုင်း (၃၈)

ပြိုင်ဘက်ကင်း သခင်မလေး နန်း (၂)

ပြိုင်ပွဲအတွက် မိန်းကလေး ၃၀ကျော်က ယှဉ်ပြိုင်ရန် စာရင်းပေးထားကြပြီး အမှန်တကယ်ယှဉ်ပြိုင်နိုင်ရန်အတွက် အရည်အချင်းမီ အသိအမှတ်ပြုမေးခွန်းကို အရင်ဖြေဆိုကြရမည်ဖြစ်သည်။

အရည်အချင်းမီကြောင်း အသိအမှတ်ပြုမေးခွန်းမှာ စာအုပ်လေးမျိုးနှင့် ဂန္တဝင်စာပေငါးအုပ်အကြောင်းမှ ကောက်နုတ်ချက်များဖြစ်သည်။ ထိုအချက်များကို စာရွက်တွင် ရေးမှတ်ထားပြီး မိမိဖြေရမည့်အဖြေကို မိမိကိုယ်တိုင် မဲနှိုက်ရွေးချယ် ဖြေဆိုရမည့်ဖြစ်သည်။

နန်းပေါင်ရီ က စာရွက်ယူရန် လက်လှမ်းလိုက်သည့်အချိန် ပွဲလာသူလူအများကလည်း ရယ်မောလှောင်ပြောင်ရန် စောင့်ဆိုင်းနေကြသော်လည်း မထင်မှတ်စွာ သူမက အေးဆေးတည်ငြိမ်နေသည်။

အတိတ်ဘဝတွင် သူမကို နန်းယန် က ပြိုင်ပွဲတွင် ဝင်ပြိုင်လျှင် သခင်မ ချန်း ကို ကျေနပ်စေလိမ့်မည်ဟု မက်လုံးပြောကာဝင်ပြိုင်ခိုင်းခဲ့သည်။ သို့သော်လည်း နောက်ဆုံးတွင် အရည်အချင်းမီအသိအမှတ်ပြုမေးခွန်းအဆင့်မှာတင် သူမရှုံးနိမ့်ခဲ့ရသည်။

ထိုအချိန်ကို သူမရှင်းရှင်းလင်းလင်းပင် မှတ်မိသည်။ သူမရွေးခဲ့မိသည်က ကွန်ဖြူးရှပ်၏အတွေးအခေါ် သုံးချက်ကို ရွတ်ပြရန်ဖြစ်ပြီး အလွယ်ကူဆုံးပင်ဖြစ်ခဲ့သည်။ သို့သော်လည်း သူမက တစ်ချက်ပင် မရွတ်ပြနိုင်ခဲ့ပေ။ ထိုအချိန်က စင်မြင့်ထက်တွင် သူမတစ်ယောက်တည်းသာ ရပ်နေခဲ့ပြီး သခင်မ ချန်း ကို စိတ်ကျေနပ်စေရန်အတွက် သူမသိသမျှတို့ကို ပြန်လည်တွေးဆလိုက်ပြီးနောက် အကြောင်းရာတစ်ချက်ကို သတိရလိုက်သည်။

သူမမျက်နှာနီရဲသွားပြီး 'လယ်သမား၏ကောက်စိုက်ချိန်' ဟူသော ကဗျာကို ရွတ်ဆိုလိုက်သဖြင့် လူအများ ဝက်ဝက်ကွဲအောင် ရယ်မောကြလေသည်။ ထိုအချိန်မှစ၍ ကျင်ကွမ်း မြို့တွင် သူမအကြောင်း ဟာသနှောကာ ပြောလာကြသဖြင့် မြို့တွင်းသို့ သူမ မထွက်ရဲတော့ပေ။

သို့သော် ယခုဘဝတွင် ခြားနားပေလိမ့်မည်။ နန်းပေါင်ရီ ကိုယ့်ကိုယ်ကို ယုံကြည်ချက်အပြည့်နှင့် စာရွက်ကို ဖွင့်ကြည့်လိုက်သည့်အခါ 'မနက်ခင်းကအသိတရား နေဝင်ချိန်တွင်သေဆုံးသည် ဆိုသော အဓိပ္ပါယ်ကို ရှင်းပြပါ' ဟု ရေးထားလေသည်။

အာဃာတပြန်တမ်းWhere stories live. Discover now