part 122

2.9K 292 1
                                    

unicode

အပိုင်း (၁၂၂)

ချင်ယွမ်ချွန်း နှင်းပွဲတော်

ရှောင်းယီက သူမကို ကြည့်လိုက်ပြီး အေးတိအေးစက် ပြောလိုက်သည်။

“ငါကျွေးမယ်”

“ကောင်းလိုက်တာ”

နန်းပေါင်ရီသည် ချက်ချင်း စိတ်လှုပ်ရှားသွားပြီး ဈေးအကြီးဆုံး စားသောက်ဆိုင်သို့ ပျော်ရွှင်တက်ကြွစွာ ပြေးသွားသည်။

“အစ်ကို ၂၊ ညီမလေးက ပုစွန်ထုပ်ကြီးတွေနဲ့ ခရု စပ်စပ်လေးတွေကို စားချင်တယ်၊ လာ လာ တုတ်ထိုးတွေ အများကြီး သွားစားကြမယ်”

လမ်းပေါ် ညဈေးတန်းမှ ဆိုင်များက စားသောက်ပွဲတွေမှာလိုမျိုး ခမ်းခမ်းနားနား ပြင်ဆင်ထားခြင်း မရှိဘဲ အရောင်နဲ့ အနံ့၊ အရသာကိုသာ အဓိက ထားကြသည်။ အိုးအကြီးကြီးထဲ၌ ခရုပြုတ်အစပ်နဲ့ ခုတ်ပိုင်းထားသည့် ကြက်သွန်နီ၊ ငရုတ်သီးနှင့် အချဉ်ရည်၊  တခြား ပါဝင်ပစ္စည်းများ ရှိသည်။ လတ်ဆတ် မွှေးပျံ့သည့် အနံ့မှာ လမ်းမတစ်ခုလုံးကို ပျံ့လွင့်နေသည်။

ကျင်းကွမ်မြို့က စီချွမ်နားမှာ ရှိသောကြောင့် စပ်သည့် အစားအစာတွေိကို စားလေ့ရှိသည်။ နန်းပေါင်ရီသည် ချိုသည့်စားစရာများကို ကြိုက်နှစ်သက်သော်လည်း စပ်သည့် အစားအစာတွေကိုလည်း စားနိုင်သည်။

သူမသည် ကြုံတောင့်ကြုံခဲ အခွင့်အ‌ရေးကို လက်လွှတ်မခံဘဲ စားသောက်ဆိုင်သို့ ပြေးသွားသည်။ ခရုအစပ်ချက် အပြည့်နဲ့ စက္ကူအိတ် တစ်အိတ်ကို ကိုင်ထားပြီး သူမ၏ပုံရိပ်ကို ဂရုမစိုက်တော့ဘဲ ကျေနပ်အားရစွာ စုပ်ပြီး စားနေတော့သည်။

ရှောင်းယီက သူမကို ကြည့်လိုက်သည်။ ကောင်မလေးသည် ပြာပန်းခတ် လှုပ်ရှားနေသည့် ညဈေးတန်းထဲ နစ်မြုပ်နေသည်။ သူမ၏ အသက်ဝင်နေသည့် အသက်ရှူသံလေးက သူ၏ဘေးမှာ ရှိနေခဲ့သည်။

သူက သူမကို ငေးမောကြည့်နေတာကြောင့် သူမသည် ခေါင်းလေးကို မော့လိုက်ပြီး မျက်ခုံးကိုပင့်ကာ ချိုသာသည့် အသံလေးနဲ့ မေးလိုက်သည်။

“အစ်ကို ၂ လည်း ခရုစားချင်လို့လား”

သူမ၏နှုတ်ခမ်းမှာ အချဉ်ရည်များပေနေပြီး သူမ၏ ပြုံးနေသည့် မျက်နှာလေးသည် နှစ်လိုဖွယ် ကောင်းနေသည်။

အာဃာတပြန်တမ်းWhere stories live. Discover now