part48

3.7K 483 3
                                    

unicode
အပိုင်း (၄၈)

ထိုလူစားမျိုးက ထိုက်တန်သလား

ထိုနူးညံ့သိမ်မွေ့သောကလေးမလေးက သူ့ကို ချွဲနွဲ့ကာ စိတ်ကျေနပ်အောင် လုပ်သကဲ့သို့ ကျန်းယွမ့်ဝမ် ကိုလည်း ထိုသို့ လုပ်နေသည်လားဟု တွေးမိပြီး ရှောင်းယီ ရင်ထဲတွင် ဒေါသစိတ်များနှင့် ပြည့်သွားလေသည်။

ကျန်းယွမ့်ဝမ် က ဘယ်လိုလူစားမျိုးဖြစ်နေလို့လဲ။ သူနှင့်ထိုက်တန်လို့လား။

ရှီးခူ က စိတ်ဖိစီးစွာ ခေါင်းကုတ်လိုက်ပြီး ...

"သခင်လေး .. နောက်ကျနေပြီ ပြန်တော့မလား .. တကယ်လို့ ပြဇာတ်ကြည့်ချင်တယ်ဆိုရင် အဆိုသမနှစ်ယောက်ငှားပြီး သခင်လေး အခန်းဆီ လွှတ်ပေး ..."

"သွားစစ်ကြည့်"

"အမ် ? ဘာကိုစစ်ရမှာ"

"ကျန်းယွမ့်ဝမ်"

ရှီးခူ က အံ့အားသင့်စွာနှင့် ....

"သခင်လေး သူက ကျွန်တော်တို့နဲ့ အဆက်အဆံမရှိဘူးလေ .. ဘာကြောင့် သူ့ကိုစစ်ရမှာလဲ"

ရှောင်းယီ ၏ အေးစက်စက်အကြည့်ကိုခံစားမိသဖြင့် ရှီးခူ ကြောက်လန့်တကြားပြေးကာ သွားရောက်စစ်ဆေးလေသည်။

ယနေ့ည လရောင်မှာ မှိန်ပျပျသာလင်းနေသည်။

မက်မွန်ပင်အောက်တွင် ရပ်နေသော လူငယ်၏ ဆံပင်နှင့် ဝတ်စုံတို့မှာ အေးစက်သည့် နှင်းရေစက်များကြောင့် စိုစွတ်နေပြီး အိမ်ငယ်လေးထဲမှထွက်ပေါ်လာသော ပြဇာတ်အသံကို နားထောင်နေသည်။ အရောင်အသွေးစုံစွာ လှပနသောပန်းပွင့်များနှင့် အသက်ဝင်နေသည့် နွေဦးရာသီ၏ ညတစ်ညဖြစ်သော်လည်း ရှောင်းယီ ၏ ကိုယ်မှာအေးစက်နေပြီး အမှောင်ထုမှ သားရဲတစ်ကောင်က သူ၏သားကောင်ကို ဖမ်းရန် အသင့်ရှိနေဟန်နှင့် တူနေသည်။

တစ်နာရီ ကြာပြီးနောက် ရှီးခူ အလျင်အမြန်ပြန်ရောက်လာပြီး သူတွေ့ခဲ့ရပုံကို ရှင်းပြလေသည်။

"သခင်လေး .. ပွဲတော်ပြီးတာနဲ့ ကျန်းယွမ့်ဝမ် က အစေခံ စွန်းရှန်းရှန်း ကို ခေါ်ပြီး မက်မွန်တောထဲကို ဝင်သွားတယ် ! ကျစ်.. တကယ်ရင်တုန်ဖို့ကောင်းတယ်"

အာဃာတပြန်တမ်းWhere stories live. Discover now