Part 26

4.2K 542 8
                                    

အပိုင်း (၂၆)

ကလေးမက အရှုံးမရှိဟန်

နန်းရှောင်ချန့် ပြုံးလိုက်သည်။ သူမသည် နန်းယန် ကို ကပ်ဖားလျက်ဖားလုပ်ပြီး အမည်ကောင်းခံလိုသောကြောင့် ....

"ယန်အာ အဒေါ် လျို အတွက် ဝမ်းနည်းစရာမလိုပါဘူး ... ခဏစောင့်နေ ဒီနှစ်ယောက်ကို ယန်အာ ရဲ့ စိတ်ဖြေရာထွက်ပေါက်အနေနဲ့ လုပ်ပေးမယ်"

သူမက ရည်ရွယ်ချက်ရှိရှိဖြင့် နန်းပေါင်ရီ ကျောကို စုတ်တံနှင့်ထောက်လိုက်ပြီး ...

"ဟေ့ နင်တို့ကဘယ်သူတွေလဲ ... ဒါက နန်း မိသားစုရဲ့ စာသင်ကျောင်းဆိုတာမသိဘူးလား"

လှည့်ကြည့်လိုက်သော နန်းပေါင်ရီ ၏ မျက်နှာမှာ လှပနေပြီး အခြားသောခေါင်ရန်းပန်းများထက် နူးညံ့ကာ တည်ငြိမ်နေသည်။ နန်းရှောင်ချန့် မနာလိုစိတ်တို့ ပေါက်ဖွားလာသော်လည်း မာန်ဝင့်ထားလျက်ပင်။

"ငါတို့အားလုံးက နန်း မိသားစုရဲ့ သမီးတွေပဲ .. ငါ့ဘေးမှာရပ်နေတဲ့သူက တတိယသခင် နန်း နဲ့ ပထမဇနီးတို့ရဲ့ သမီးပဲ ... နင်တို့ကဘယ်ကလာတာလဲ နင်တို့ရဲ့ မိသားစုမျိုးရိုးအကြောင်းနဲ့ နာမည်တွေကို ပြောဦးလေ"

နန်းယန် က ကျောက်ရုပ်ကဲ့သို့ ရပ်နေပြီး ကျန်သောမိန်းကလေးတို့မှာ လှောင်ပြောင်ရယ်မောရန် အသင့်စောင့်နေကြသည်။ မိန်းကလေးနှစ်ယောက်ကို သူမတို့မမြင်ဖူးကြသဖြင့် သာမန်မိသားစုမှဖြစ်ပြီး အဆက်အသွယ်တစ်ခုခုနှင့် ရောက်လာကြခြင်းဖြစ်မည်ဟု တွေးနေကြသည်။

သာမန်မိသားစုက ဘာအကြောင်းနဲ့များ နန်း မိသားစုကို လာယှဉ်ရဲရတာလဲ။ ဒီနေ့ကစပြီး သူမတို့နှစ်ယောက်ကို အခြားသောမိန်းကလေးများက အနိုင်ကျင့်ကြတော့မည်။

နန်းယန် ကို နန်းပေါင်ရီ ကြည့်လိုက်သောအခါ နန်းယန် မှာ ခေါင်းငုံ့ထားလျက် စာအုပ်ကိုဖွင့်ပြီး သူမနှင့်မဆိုင်သကဲ့သို့ နေလေသည်။ နန်းရှောင်ချန့် က သူမနဲ့ ကျူးကျူး ကို ထိခိုက်အောင်မလုပ်နိုင်ကြောင်း နန်းယန် သိသော်လည်း ပြဿနာဖြစ်အောင် လွှတ်ထားလိုက်ခြင်းမှာ နန်းရှောင်ချန့် ကို အသုံးပြုပြီး သူမ၏ကိစ္စတချို့ကို ဖြေရှင်းပေးစေရန်အတွက်ပင် ဖြစ်သည်။

အာဃာတပြန်တမ်းWhere stories live. Discover now