Part 27

4.2K 514 4
                                    

အပိုင်း (၂၇)

မာနကြီးသောအမတ်လောင်းက မကူညီပါ

နန်းရုံ အလွန်ထိတ်လန့်သွားပြီး ဟန်ပြခဲ့သော ကြမ်းတမ်းသည့်အသွင်မှာလည်း ကြောက်ရွံ့ခြင်းအဖြစ်သို့ ပြောင်းလဲသွားသည်။

"ဒါ..ဒါက ..."

နန်းရှောင်ချန့် က ပို၍တုန်လှုပ်ထိတ်လန့်နေပြီး လက်နှစ်ဖက်မှာလည်း တုန်တုန်ယင်ယင်နှင့် သူမ၏ဂါဝန်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။

ထိုကောင်မလေးက အမှန်တကယ် နန်းပေါင်ရီ ပင်။

သူမတော့သွားပြီ၊ သူမ နန်းပေါင်ရီ ကို စော်ကားမိခဲ့ပြီ။ နန်းယန် သည် နန်း အိမ်တော်တွင် ပထမဇနီး၏ တရားဝင်သမီးဖြစ်မဖြစ်မှာ မသေချာသော်လည်း နန်းပေါင်ရီ မှာ မြင့်မြတ်သည့်မျိုးရိုးဖြစ်သည့်အပြင် သခင်မကြီး၏ အလွန်ချစ်မြတ်နိုးရသော ပြောဆိုခွင့် လုပ်ပိုင်ခွင့်အပြည့်ရှိသော သခင်မလေးတစ်ယောက်ဖြစ်နေသည်။

သာမန်နေ့များကဲ့သို့ သူမနောက်ကွယ်တွင် နန်းယန် ကို စိတ်ကျေနပ်စေရန်အလို့ငှာ ပြောဆိုနိုင်သေးသည်။ သို့သော် ယနေ့မှာ သူမကိုယ့်ကိုယ်ကိုပင်မထိန်းနိုင်ဘဲ နန်းပေါင်ရီ နှင့် ကိုယ်ထိလက်ရောက် ရန်ဖြစ်ခဲ့သည်။ သူမနောင်တရစွာ နန်းယန် ကို ကြည့်လိုက်သည်။ နန်းယန် သည် နန်းပေါင်ရီ ဖြစ်နေကြောင်းကို သိနေပါလျက်နှင့် သူမကို မတားခဲ့သည့်အပြင် ပြဿနာကြီးဖြစ်အောင် လုပ်ခိုင်းခဲ့သည်။

နန်းယန် က သူမကို နှစ်သိမ့်ဟန်နှင့် ကြည့်လိုက်ပြီး ထရပ်ကာ လူအများအလယ်သို့ အားနည်းစွာ လမ်းလျှောက်လာပြီး အရိုအသေပေးလေသည်။

နန်းယန် က နွေးထွေးသောအသံဖြင့် ...

"မိသားစုတစ်ခုတည်းက ညီအစ်မအချင်းချင်း ရန်ဖြစ်ကြတာလောက်ပါပဲ ဘာကြောင့် ပိုဆိုးအောင်လုပ်ပြီး တခြားသူတွေအမြင်မှာ ရယ်စရာအဖြစ်ခံရမှာလဲ ... မမ ရှောင်ချန့် .. မမက ခံရတာဆိုရင်တောင် နန်းပေါင်ရီ ကို မမတောင်းပန်လိုက်ရင် ကိစ္စကရှင်းပြီးသားဖြစ်သွားလိမ့်မယ်"

ထိုစကားတို့မှာ နန်းပေါင်ရီ က အနိုင်ကျင့်သူဟု အခြားသူများကို ထင်မြင်သွားစေသည်။ နန်းရှောင်ချန့် ကလည်း သဘောပေါက်သွားပြီး ရည်ရွယ်ချက်ရှိရှိနှင့် သူမဒဏ်ရာများကို အများမြင်အောင် ပြလိုက်ပြီး နန်းပေါင်ရီ ကို ဦးညွှတ်ရင်း ငိုလေတော့သည်။

အာဃာတပြန်တမ်းWhere stories live. Discover now