part 66

3.7K 447 16
                                    

unicode
အပိုင်း (၆၆)

ကောင်းမွန်တဲ့မိသားစုက အမြဲပျော်ရွှင်ရမယ်

နန်းပေါင်ရီ က ဧည့်ခန်းထဲတွင် ဧည့်သည်များနှင့် တွေ့ဆုံလေသည်။

အနည်းငယ်သားနားစွာ ဝတ်ဆင်ထားသော ကုန်သည်အချို့မှာ ပခုံးထက်တွင် ဖုန်များတင်နေကာ ဝတ်ရုံအစွန်းနားတွင်လည်း ရွှံ့ရေများ ပေကျံနေသဖြင့် အလျင်စလိုလာခဲ့ကြပုံပေါ်နေသည်။

နန်းပေါင်ရီ က အစေခံများကို လက်ဖက်ရည်တည်ခင်းရန်ပြောပြီး နွေးထွေးစွာ ဧည့်ခံလေသည်။

"ဦးလေးတို့က ဘယ်ကလာတာလဲ ဘာကြောင့်ဒီကိုရောက်လာတာလဲသိပါရစေ"

ကုန်သည်များက တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြပြီး ထိုသူတို့ကိုဦးဆောင်လာသည့် ဘေးဘက်ဆံပင်တချို့ ခဲရောင်ပြောင်းနေသော ကုန်သည်လူကြီးတစ်ယောက်က ...

"သခင်မလေး နန်း .. ကျွန်တော်တို့က ကျင်ကွမ်း မြို့ရဲ့ ရှု ပိုးထည်ကုန်သည်တွေပါ .. နန်း မိသားစု အခက်အခဲဖြစ်နေတယ်ကြားလို့ အမြန်လာကူညီပေးတာပါ"

အရောင်အသွေးစုံလင်လှသော ရှု တိုင်းပြည်၏ ပိုးထည်လုပ်ငန်းကို နန်း မိသားစု ပိုးထည်နှင့် ရှ မိသားစု ပိုးထည်ဟူ၍ ခွဲခြားသတ်မှတ်ထားသည့်အပြင် အခြားသော အသေးစားနှင့် အလတ်စား ပိုးထည်လုပ်ငန်းများလည်းရှိသည်။

နန်းပေါင်ရီ တွေဝေလျက် မျက်တောင်ကို ပုတ်ခတ်ပုတ်လုပ်လိုက်သည်။

သူမ သိထားပုံအရဆိုလျှင် ထိုကုန်သည်များနှင့် သူမ၏မိသားစုတို့ကြား ဆက်ဆံရေးမရှိပေ။ အရာရာအဆင်ပြေနေပါလျက်နှင့် သူမတို့ကို ဘာကြောင့်များ ရုတ်တရက်ကြီးကူညီပေးချင်ရတာလဲ။

သူမနှစ်ခြိုက်စွာပြုံးလိုက်ပြီး ....

"ကျွန်မတို့ဆီ ပိုးစာရွက်ရောင်းဖို့ရောက်လာကြတာလား ... ဈေးနှုန်းကလည်း အရမ်းမြင့်နေတော့ ဝယ်ဖို့က ..."

"ကျွန်တော်တို့က ပိုးစာရွက်တွေ လာပို့ပေးတာပါ !"

ရောက်လာသောလူများက တစ်ညီတစ်ညာတည်း ပြောကြလေသည်။

အာဃာတပြန်တမ်းWhere stories live. Discover now