Part 4

5K 599 5
                                    

အပိုင်း (၄)
မီးဖိုထဲမှသစ်ချသီး

ရှောင်းယီ ကိုက်ထားသည်ကို ဖြေလျော့ပေးလိုက်သည်။

နန်းပေါင်ရီ ၏ ညာဘက်လက်မှာ သွေးများ တစ်စက်စီ ကျဆင်းနေပြီး အဆိုးဆုံးမှာ သူမလက်ချောင်းထိပ်လေး ပုံစံပျက်ယွင်းသွားလေသည်။

ရှောင်းယီ နှုတ်ခမ်းထောင့်တွင်ပေနေသည့် သွေးများကို သုတ်လိုက်ပြီး စိတ်ကျေနပ်သည့်အသံနှင့် ....

"သွားတော့ မင်းရဲ့အဘွားကို တိုင်ပြောလိုက်ဦး"

နန်းပေါင်ရီ သူမ၏နာကျင်နေသောလက်ကိုကိုင်ထားရင်း အလန့်တကြားဖြစ်သွားပြီး ငိုရှိုက်ပြန်သည်။

"ဘွားဘွားကိုမပြောဘူး .. ညီမ..ညီမလေးက အစ်ကို့ကို ကာကွယ်ပေးမှာ"

ဒင်...ဒင်...ဒင်...

နန်းပေါင်ရီ ကြောက်လန့်ပြီးတုန်ယင်နေသဖြင့် သူမစကားပြောသည့်အခါတိုင်း ခါးတွင်ချိတ်ဆွဲထားသော ဆည်းလည်းလေးတို့မှာ မကြာခဏအသံမြည်နေသည်။ ရှောင်းယီ ထိုအသံတို့ကို စိတ်နောက်လာသဖြင့် လက်ဆန့်ထုတ်ကာ တန်ဖိုးကြီးလှသည့် ရွှေငွေဆည်းလည်းတို့ကို စာနာမှုမရှိ ဆွဲဖြုတ်ယူလိုက်သည်။

နန်းပေါင်ရီ ကြောက်ရွံ့မှုကြောင့် သူမခန္ဓာလေးမှာကျုံ့ဝင်သွားပြီး ရှောင်းယီ က သူမအသက်ကိုပင် အလွယ်တကူနုတ်ယူနိုင်သည်ဟု ခံစားလိုက်ရသည်။ အခန်းတွင်လည်း မိုးရွာသံမှလွဲ၍ တိတ်ဆိတ်သွားလေသည်။

ပြားချပ်ကာမလှတော့သည့်ဆည်းလည်းလေးများကို သူမကြည့်လိုက်ပြီး ရုတ်တရက် အားနာစွာညီးတွားမိလိုက်သည်။

"ဒါအစ်ကိုကြီးလက်ဆောင်ပေးထားတာ"

"သွားပြောလိုက်လေ"

နန်းပေါင်ရီ စကားကိုရှင်းလင်းစွာပြောရန်ပင် ခက်ခဲနေသည်။

"ဟင့်အင်း မပြောဘူး .. ညီမ..ညီမလေးက အစ်ကို ၂ကို ချစ်ပေးပြီး ကာကွယ်သွားမှာ"

ခက်သည်၊ အလွန်ခက်ခဲလှသည်။

ရှောင်းယီ ကို ဂရုစိုက်ပေးရသည်မှာ နန်းယန် ကြောင့် ငိုရခြင်းထက် ပို၍ခက်ခဲသည်။ ရှောင်းယီ ဒူးကွေးကာ ထိုင်လိုက်ပြီး သူမ၏သွေးစို့နေသောလက်ချောင်းကိုကြည့်ရင်း တမင်မေးလိုက်သည်။

အာဃာတပြန်တမ်းWhere stories live. Discover now