Part 76

3.5K 408 7
                                    

unicode

အပိုင်း (၇၆)

ကြိုးနီလေး

ရှပေါဝမ် မှင်သက်သွားသည်။

ဒီအစေခံမက ဘာလဲ၊ အရည်အချင်းရှိလှချည်လား။

သူအော်ဟစ်ကာ ထွက်ပြေးချင်သော်လည်း ခြေထောက်တို့မှာ အားနည်းနေသည်။

ချန်ရှင်း နီးကပ်လာပုံမှာ တဖြည်းဖြည်းနှင့် ကြည်လင်ပြတ်သားလာပြီး ခဏအကြာမှာပင် ပါးလွှားသောဓါးပါးလေးက သူ၏မျက်လုံးထဲသို့ ဖောက်ဝင်သွားလေသည်။

သွေးများ နေရာအနှံ့ပေကျံသွားပြီး ရှပေါဝမ် မှာလည်း မြေပြင်ထက်တွင် လူးလှိမ့်နေသည်။ သေဆုံးသွားသည့်တိုင် ဘယ်သူ့ကို သူနှောင့်ယှက်ခဲ့လဲဆိုသည်ကိုပင် မသိလိုက်ရပေ။

လှည်းမောင်းသူလည်း ထွက်ပြေးရန်ပြင်လိုက်စဉ် ချန်ရှင်း ၏ ဓါးက သူ၏လည်မျိုကိုထိုးဖောက်သွားသဖြင့် အော်ဟစ်ရင်းနှင့်ပင် အသက်ပျောက်သွားလေသည်။

ဟယ်ယဲ့ မှာ နန်း အိမ်တော်ထဲတွင် ကြီးပြင်းခဲ့သဖြင့် သွေးများပျံ့ကျဲနေသောမြင်ကွင်းကို သူမ မမြင်ဖူးပေ။

သူမတုန်လှုပ်စွာဖြင့် သခင်မလေးကို မျက်လုံးပိတ်ထားပေးရန်တွေးလိုက်သော်လည်း သူမ၏သခင်မလေးမှာ ထိုမြင်ကွင်းကို အသားကျနေသည့်အလား ယပ်တောင်ကိုပင် အေးအေးဆေးဆေးခတ်နေလေသည်။

နန်းပေါင်ရီ ကြင်နာစွာပြုံးလျက် ...

"ကမ္ဘာပေါ်မှာ အသုံးမကျတဲ့နေရာတွေမှာ သားဖြစ်သူတွေကို ကြီးပြင်းစေချင်တဲ့ မိသားစုတွေရှိတယ် သူတို့က အပြင်ထွက်ပြီး ရိုးသားမိန်းကလေးတွေကို နှိပ်စက်အနိုင်ယူနေကြတာ ... အဲဒီအမှိုက်သရိုက်နေရာက ရှိနေဖို့မလိုအပ်ဘူး သူတို့ကိုရှင်းပစ်ပြီး ငွေရှာတာက ပိုမကောင်းဘူးလား"

လှည်းပေါ်တက်သွားသော သခင်မလေးဖြစ်သူကို ဟယ်ယဲ့ အံ့ဩတကြီးနှင့် ကြည့်နေမိသည်။ နွေဦးရာသီကတည်းက သခင်မလေးမှာ အရင်နှင့်မတူဘဲ ပြောင်းလဲလာခဲ့သည်ဟု သူမခံစားနေရသည်။ သို့သော် သခင်မလေးကို သူမကောင်းကောင်းနားလည်သဖြင့် သခင်မလေးပြောသည့် လုပ်သည့်အရာမှန်သမျှ ကောင်းမွန်ခြင်းများဖြစ်သည်။

အာဃာတပြန်တမ်းWhere stories live. Discover now