part 123

2.8K 293 5
                                    

unicode

အပိုင်း (၁၂၃)

အဘိုးလေး

သူ့ကိုယ်သူ အမြဲတမ်း အမြင့်မှာ ရှိသည်ဟု အထင်ရောက်ပြီး ဘဝင်မြင့် နေတတ်သည့် ရှန်းရိချောင်က တည်ကြည်သည့် မျက်နှာဖြင့် ပြောလိုက်သည်။

“ဂုဏ်သရေကြီးမြင့်သည့် သူရဲကောင်းတွေ ခေတ်ဟောင်းနဲ့ ခေတ်သစ်၏ ဂုဏ်ယူဖွယ်ရာပဲ။ ကဗျာတွေထဲမှာ အဆင့်သတ်မှတ်ရမယ် ဆိုရင် ပထမတန်းပဲ”

ရှောင်းယီက ဒိန်ခဲအပိုင်းအစလေးကို ကိုင်ရင်း သူ၏မျက်လုံးမှာ ပြုံးရိပ်ရေးရေး ထင်သည်။

‘အရာရာက ရှေ့ဆက်သွားရမယ်။ စိတ်ကူးယဉ်ဆန်သည့် ဖော်ပြချက်တွေ ရေတွက်မနေဘဲ ပစ္စုပ္ပန်ကို တည့်တည့်ရှုပါ’ ဆိုတာက ကောင်းမွန်သည့် စာသားပဲ။

ငယ်ရွယ်သူ တစ်ယောက်၏ ရည်မှန်းချက်က ဘာများလဲ။ စာပေအရည်အချင်း ပြည့်ဝရန် လိုသည်။

နန်းပေါင်ရီသည် ကဗျာတွေ သီချင်းတွေမှာ မထူးချွန်သော်လည်း ကဗျာ၏သိမ်မွေ့မှုကို သူမ ခံစားနိုင်သည်။

သူမ၏မျက်လုံးများက ပင့်တက်သွားပြီး “အစ်ကိုကျန်း တကယ်ပဲ ဒီကဗျာကို  အစ်ကို ရေးထားတာလား”

“အာ…”

ကျန်းဆွေ့ဟန်က စိတ်မသိုးမသန့်ဖြင့် အပြစ်ရှိဟန် မျက်နှာနှင့် အဝေးကိုငေးပြီး “ငါ့ရဲ့ကိုယ်ပိုင် ဖန်တီးမှုတော့ မဟုတ်ဘူး။ ငါ့ဇာတိက လူကြီးတစ်ယောက် ရေးထားတာ”

“ဒီလိုလူစားမျိုး ကမ္ဘာပေါ်မှာ ရှိသေးတယ်လား”

ရှန်းရိချောင်က အနည်းငယ် စိတ်ဝင်စားသွားပြီး “ဒီလို အရည်အချင်းမျိုးက ချန်အန်းမြို့တော်ရဲ့ နန်းတော်ထဲကို ငါ့ရဲ့ တရုံက ဖိတ်ခေါ်သင့်တယ်။ သူ့နာမည် ဘယ်လိုခေါ်လဲ။ ဘယ်မှာနေလဲ”

ကျန်းဆွေ့ဟန်က ‌ပြုံးလိုက်ပြီး “နာမည်က အဘိုးမောင်တဲ့၊ လူတွေက ဟန်လင်း သင်တန်းကျောင်းက လူတွေကို အထင်မသေးရဲကြဘူး၊ နူးညံ့တဲ့ စာသားတွေမှာ အရည်ပျော် သွားကြတယ်။ နန်းမမလေး ၅၊ မင်းက ဒီစာသားတွေကို ယုံကြည်မှုအပြည့်နဲ့ ပြောလို့ရတယ်။ ဒီကမ္ဘာပေါ်မှာ ဘယ်သူကမှ ဒီကဗျာကို မကြားဖူးကြသေးဘူး”

အာဃာတပြန်တမ်းWhere stories live. Discover now