Part 14

4.4K 548 26
                                    

အပိုင်း (၁၄)
ဘယ်လိုပေးဆပ်ရမလဲ

နန်းပေါင်ရီ ၏ ချစ်စဖွယ်အမူအရာနှင့် ချိုသာသောအသံမှာ လူအများ၏နှလုံးသားကိုပင် လှုပ်ခတ်စေနိုင်သည်။

"မင်းတကယ်ပဲ ရွက်သစ်စအနေနဲ့ ပြန်စချင်တာလား"

ရှောင်းယီ ပြောသည့်စကားတို့်မှာ နန်းပေါင်ရီ ကို စိတ်မသက်မသာဖြစ်စေပြီး အကျဥ်းချထားခြင်းမှ လွတ်မြောက်လာသော လူဆိုးကဲ့သို့ ခံစားရစေသည်။ သို့သော်လည်း သူမယဉ်ကျေးစွာ ခေါင်းညိတ်လိုက်ပြီး ...

"ဟုတ် !"

ကျောက်ဝမ် ခြံထဲဝင်သွားသော ရှောင်းယီ နောက်မှ နန်းပေါင်ရီ လိုက်လာပြီး ရှောင်းယီ ၏ ကြည်လင်ပြတ်သားသောစကားသံတို့ကို နားထောင်လိုက်သည်။

"မနက်ခင်းကအသိတရား နေဝင်ချိန်မှသေဆုံးတယ်ဆိုတာက ဘဝမှာ ကိုယ့်ရဲ့ရည်ရွယ်ချက်ပန်းတိုင်နဲ့ ယုံကြည်မှုကို ရှင်းရှင်းလင်းလင်းနားလည်ပြီး လုပ်ဆောင်မယ်ဆိုရင် သေသွားတဲ့အခါ နောင်တမရနိုင်တော့ဘူးတဲ့ ... သာဓကပေးရမယ်ဆိုရင် တိုင်းပြည်အပေါ် ယုံကြည်သက်ဝင်ပြီး စိတ်ထားကောင်းတဲ့သူတွေက တိုင်းပြည်ကိုကာကွယ်ဖို့အတွက် အသက်ပေးဆပ်ရမယ်ဆိုရင်တောင် ဝန်မလေးကြဘူး ... ဒါက မနက်ခင်းမှာ ရလိုက်တဲ့အသိတရားဟာ နေဝင်ချိန်ရောက်မှ ကုန်ဆုံးတယ်လို့ဆိုလိုတာပဲ"

ရှောင်းယီ စကားဆုံးပြီးနောက် နန်းပေါင်ရီ မော့ကြည့်လိုက်သည်။ ရှောင်ယီ အသားအရေမှာ အနည်းငယ်ဖြူစွတ်ပြီး ချောမောခန့်ညားကာ ငယ်ရွယ်သည့်အရိပ်အယောင်တို့ ထင်ရှားနေသည်။ အတိတ်ဘဝတွင် ရှောင်းယီ သည် အမြဲစစ်တိုက်ထွက်နေသည်ကို သူမမှတ်မိသည်။ နန်းတွင်းထဲတွင်နေပြီး အတင်းအဖျင်းပြောကာ အတွန့်တက်သူများထက် ရှောင်းယီ က ပို၍သာလွန်သည်။ ရှောင်းယီ ၏ တိုက်ပွဲအောင်နိုင်မှုများကပင် သူတို့ကို မနာလိုဖြစ်စေခဲ့ပြီး မဟုတ်မမှန်စကားများနှင့် ကောလာဟလများဖြန့်ခဲ့ကြသည်။ အများပြည်သူတို့ကပင် မင်းဆရာသည် ရက်စက်ကာ ဉာဏ်နီဉာဏ်နက်များသော အမတ်တစ်ယောက်ဟု ပြောဆိုကြပြန်သည်။ တစ်ခါက ရှောင်းယီ လှည်းစီးကာ လမ်းပေါ်ထွက်လာချိန် ပြည်သူတို့က ပုပ်သိုးနေသောအသီးအရွက်များနှင့် ကြက်ဥတို့ဖြင့် ပစ်ပေါက်ခဲ့ကြသောကြောင့် ပရမ်းပတာပင်ဖြစ်ခဲ့ရသည်။ ထိုအခြေအနေတို့မှာ သူတို့ကိုယ်တိုင် သွေးထိုးလှုံ့ဆော်ခဲ့ခြင်းကြောင်းပင် ဖြစ်ခဲ့ရသည်။ သို့သော်လည်း ဉာဏ်နီဉာဏ်နက်များသည့်အမတ်တစ်ယောက်က ဘာကြောင့်များ သူ့အသက်ကိုစွန့်စားပြီး တိုင်းပြည်ကိုကာကွယ်နေမှာလဲဆိုသည့်အချက်ကို အနည်းငယ်လောက်ပင် မစဉ်းစားကြပေ။

အာဃာတပြန်တမ်းWhere stories live. Discover now