part 77

3.5K 414 5
                                    

unicode
အပိုင်း (၇၇)

ကြီးမြတ်သော မိသားစုမှ မိန်းကလေး

နောက်တစ်နေ့မနက်တွင် နန်းပေါင်ရီ မှာ ဝတ်ကောင်းစားလှများ ဝတ်ဆင်လျက် ရှ အိမ်တော်သို့ သွားမည့်လှည်းပေါ်ကို တက်လိုက်သည်။

ညီအစ်မ ၃ယောက်အတူရှိနေကြသဖြင့် လှည်းထဲတွင် စကားသံများပြည့်နှက်နေသည်။

နန်းပေါင်ကျူး က မုန့်စားနေရင်း နန်းပေါင်ရုံ ၏ မင်္ဂလာပွဲအကြောင်း ပြန်စလေသည်။

"ကျန်းယွမ့်ဝမ် က လူကောင်းလို့ထင်ရပေမယ့် နကယ်တမ်းကျ သင့်တော်တဲ့သူမဟုတ်ဘူး ... သူ့ကို မမငြင်းလိုက်တာ ကောင်းတယ်"

နန်းပေါင်ရီ သိချင်စိတ်များဖြစ်လာသည်။

သူမ၏အစ်ကိုဝမ်းကွဲမှာ ပြီးခဲ့သည့်တစ်ခေါက်က ကူညီပေးထားခဲ့ပြီး ယခုအခါ ကျန်းနန် မြို့တွင် အလုပ်များနေခဲ့သည်။

နှစ်တစ်ဝက်ပင်ကုန်ဆုံးသွားခဲ့ပြီး သူတို့နှစ်ယောက်၏အခြေအနေမည်သို့ရှိနေပုံကို နန်းပေါင်ရီ လည်း အခုထိတိုင် မသိရသေးသဖြင့် အလွန်စိတ်ပူနေရသည်။

"ဒီနှစ်ဆိုရင် မမအသက်ပြည့်တော့မှာနော် .. မကြာခင် လက်ထပ်လမ်းကြောင်းစီစဉ်သင့်ပြီ .. မမသဘောကျတဲ့သူရှိလား"

နန်းပေါင်ရုံ ရှက်ရွံ့စွာ လက်ကိုင်ပုဝါကို ဆုပ်ကိုင်လိုက်ပြီး ...

"ဒီကလေးတွေတော့ ငယ်ငယ်လေးနဲ့ ဘာလို့လက်ထပ်ပွဲအကြောင်းပြောနေရတာလဲ .. ဒါက မိန်းကလေးတစ်ယောက်ရဲ့ကျင့်ဝတ်ကို ချိုးဖောက်တာနော်"

"မိန်းကလေးရဲ့ကျင့်ဝတ်ဆိုတာက တခြားသူတွေက သူတို့မြင်ချင်တဲ့အတိုင်း လျှောက်ပြောထားတာလို့ မေမေပြောဖူးတယ် ... ကောင်းမွန်တဲ့ဘဝထက် နာမည်ဂုဏ်သတင်းက အရေးကြီးလို့လား"

နန်းပေါင်ကျူး စကားလှလှလေးသုံးကာ ပြောလိုက်သည်။

"မမလည်း မငယ်တော့ပါဘူး ကိုယ့်အတွက်ကိုလည်း ပြန်ကြည့်ပါဦး"

ဒေါ်ဒေါ် ၂က ကိုယ်ရံတော်မိသားစုမျိုးရိုးဖြစ်သောကြောင့် အလွန်ရဲရင့် သတ္တိရှိလှသည့်အပြင် မိန်းကလေး၏ကျင့်ဝတ်ဟူသော စည်းကမ်းချက်များကို မသင့်တော်ဟု ခံယူထားသည်။

အာဃာတပြန်တမ်းWhere stories live. Discover now