part49

3.8K 500 5
                                    

unicode
အပိုင်း (၄၉)

အစ်ကို ၂ အိမ်ထောင်ဖက်ရှာပေးပါ

ရှောင်းယီ ဘာမှမပြောသော်လည်း  သူ၏ပုံစံမှာ ရှင်းလင်းစွာ အတည်ပြုပြီးသကဲ့သို့ဖြစ်နေသည်။

နန်းပေါင်ရီ ဒေါသတကြီး ရယ်မောရင်း ...

"ကျန်းယွမ့်ဝမ် က ရှု တိုင်းပြည်မှာ အတော်ဆုံးလူတစ်ယောက်ပါ ချောမောပြီး ပါရမီလည်းကောင်းတဲ့အပြင် နောက်ခံအင်အားလည်းတောင့်တင်းတယ် ... သူ့ကို မိန်းကလေးအများစုသဘောကျပေမယ့် ညီမလေးတော့မပါဘူး"

ကလေးမလေး၏ မီးငှက်မျက်ဝန်းများက တောက်ပ

နေပြီး လိမ်ညာနေသည့်အရိပ်အယောင်မရှိပေ။

ရှောင်းယီ လက်ကိုအနောက်ပစ်ထားပြီး သတိမထားမိလိုက်ဘဲ လက်ကောက်ဝတ်ထဲရှိ အကြွေစေ့လေးကို အသာပွတ်သပ်လိုက်သည်။

နန်းပေါင်ရီ က မျက်ခုံးပင့်ကာ ...

"ညီမလေး လက်ထပ်ချင်တဲ့သူက ကမ္ဘာပေါ်မှာ အနိုင်မခံအရှုံးမပေးလိုတဲ့စိတ်ထားရှိတဲ့သူပဲ ဖြစ်ရမယ် အင်အား၊ အာဏာနဲ့ ကြွယ်ဝချမ်းသာမှုရှိရမယ် ... ဒါမှ နှစ်ပေါင်းများစွာကြာအောင် ညီမလေးကို ပူပန်ကြောင့်ကြစေမှုတွေကနေ ကာကွယ်ပေးနိုင်ပြီး နန်း မိသားစုရဲ့ ဂုဏ်နဲ့ စည်းစိမ်ဥစ္စာတွေကို ကာကွယ်ပေးနိုင်မှာ ... ကျန်းယွမ့်ဝမ် က မသိတတ် နားမလည်တတ်ဘူး တစ်ကိုယ်ကောင်းဆန်တယ် စာနာစိတ်မရှိဘူး ... ကျန်း မိသားစုက ရွှံ့ဗွက်တွေထက် ပိုရွံစရာကောင်းတယ် ... သူ့ကိုစိတ်ဝင်စားမှာလား ညီမလေးရူးနေရင်တောင်မရဘူး !"

ထိုစကားများကို အခြားသူများကြားသွားရင် သူမကို မမှီသောပန်း လှမ်းချင်သည်ဟု ပျက်ရယ်ပြုကြလိမ့်မည်။

နန်း အိမ်တော်သည် ချမ်းသာသောမိသားစုတစ်ခု

ဖြစ်သော်လည်း လူတန်းစားလေးမျိုးဖြစ်သည့် ကျောင်းသား၊ လယ်သမား၊ လက်မှုပညာသည်နှင့် လူကုံထံကုန်သည် ဟူသော လူတန်းစားလေးမျိုးအနက် အနိမ့်ဆုံးဖြစ်သည့် ကုန်သည်မိသားစုဖြစ်သည်။ အရာရှိမိသားစုနှင့် ဆက်နွယ်ရန်အတွက် မျက်နှာလိုမျက်နှာရလုပ်ပြီး အရာရှိမိသားစုမှ ပထမဇနီး၏သားတစ်ယောက်ကို လက်ထပ်ရမည့်အပေါ် ဘယ်လိုလုပ်ပြီး အတွန့်တက်နိုင်မှာလဲ။

အာဃာတပြန်တမ်းWhere stories live. Discover now