Part 25

4.4K 479 2
                                    

အပိုင်း (၂၅)

လှပထင်ပေါ်ရန် ဟန်ရေးပြချင်သူ

နန်းပေါင်ရီ သူမမျက်ခုံးတို့ပင့်တင်လိုက်ပြီး ...

"စာသင်ရင်လည်း လှလှပပဝတ်လို့မရဘူးလား လှလှပပလေးဝတ်ထားရင် စိတ်ကြည်ပျော်ရွှင်ပြီး စာပိုကြိုးစားလို့ရမယ် .. အခြားသူတွေက ညီမလေးလှနေတာကိုမြင်ရင် ညီမလေးကို ချီးမွမ်းကြတဲ့အခါ ညီမလေး ပိုပြီးပျော်ရမယ် ပျော်တဲ့အခါ .. စာအုပ်တစ်ဝက်ပဲသင်လို့ရရင်တောင် နှစ်ဆပိုနားလည်သွားလိမ့်မယ်"

သူမတွင် ထင်ယောင်ထင်မှားအကြောင်းချက်တို့ အလွန်များပြားလှသည်။ လှပထင်ပေါ်ပြီး ဟန်ရေးအမျိုးမျိုးပြချင်သော မိန်းကလေးမျိုးကို ရှောင်းယီ တစ်ခါမှမတွေ့ဖူးခဲ့ပေ။ သူမလှပကျော့ရှင်းစွာရပ်နေပြီး ကျက်သရေရှိနေပုံမှာ အပင်ပေါက်ခါစ မိုးမခပင်လေးနှင့် တူနေသည်။

သူမဝတ်စုံများကိုသေချာကိုင်ထားပြီး လက်သန်းလေးမှာလည်း သိမ်မွေ့စွာ ကော့ညွှတ်နေသည်။ သူမ၏လက်သည်းတို့ကိုလည်း အနီရောင်ဆေးခြယ်ထားသည်။ သူမတွင် ထင်ပေါ်စေနိုင်သည့် ကောင်းသောအချက်များလည်း ရှိပေသည်။

နန်းပေါင်ရီ သူမဝတ်စုံတို့ကို ဆုံလည်ခုံပေါ်တွင်တင်လိုက်ပြီး တစ်ထည်ပြီးတစ်ထည်ပြောင်းကိုင်ကာ မိမိနှင့်လိုက်မည့်ဝတ်စုံကို ရှာနေလေသည်။

"အစ်ကို ၂ ... နှမ်းလုံးကြိုက်ပန်းပုံတွေနဲ့ အဝါရောင်ဝတ်စုံဆိုရင်ရော"

"ပန်းတွေများလွန်းတယ်"

"ဒီအစိမ်းရောင်ကရော"

"ပြောင်ရှင်းလွန်းတယ်"

"စံပယ်ပန်းတွေနဲ့ အဖြူရောင်ကရော"

"ဈာပနဝတ်စုံကျနေတာပဲ"

နန်းပေါင်ရီ ပြောစရာစကားမရှိတော့ပေ။ ထိုဝတ်စုံတို့မှာ အသစ်သာရှိသေးပြီး အရောင်လင်းကာ စိတ်ကြည်နူးဖွယ်ဖြစ်သောကြောင့် ကျောင်းသွားရန်သင့်တော်သော ဝတ်စုံများဖြစ်ပေသည်။

သို့သော် ရှောင်းယီ အမြင်ထဲတွင် မည်သည့်ဝတ်စုံမှ သင့်တော်မည်ဟုမထင်ပေ။

အာဃာတပြန်တမ်းWhere stories live. Discover now