Chapter 103

28.2K 3.8K 193
                                    

Unicode

မီးပန်းတွေအောက်ကချစ်ခြင်းတရား 
__________________________________

''တကယ် '' ကျန်းမော့ချန်ကလည်း ထပ်ပြီးအတည်ပြုပေးလိုက်သည်။

''ဆေးရုံလည်းသွားစစ်ပြီးပြီ? ''

''ပြီးပြီ ခဏနေ ဆေးစစ်ချက်မှတ်တမ်းတွေ ယူလာပြမယ်''

ထိုအခါမှ မေမေကျန်းလည်း ခေါင်းငြိမ့်ပြတော့သည်။ ဒီကိစ္စက နည်းနည်းလေးထူးဆန်းသည်ဟု မတွေးပဲမနေနိုင်ခဲ့။ သို့သော် အခြားတစ်ဖက်မှာတော့ ဘယ်လောက်ပဲထူးဆန်းနေပါစေ ကလေးရတာကကောင်းချီးမင်္ဂလာတစ်ခုဖြစ်တာကြောင့် အများကြီးလျှောက်တွေးမနေချင်ပါ။ ထို့အပြင် ကလေးရှိတာက သူမသားနဲ့ချင်းချီရဲ့ဆက်ဆံရေးကို ပိုခိုင်မြဲစေနိုင်သည်။ ထိုအချိန်ကျ ရှောင်မော့က ဟိုကြာပန်းဖြူလိုလို၊ဘာလိုလိုအကောင်နဲ့ ပြန်ဆက်နွယ်နေမှာကို သူမလည်း လိုက်စိတ်ပူနေစရာမလိုတော့ပါ။

မေမေကျန်းက အခုအချိန်မှာ နူးနူးညံ့ညံ့ဖြင့် သိမ်မွေ့ပြီး စကားပြောရဆိုရလွယ်သည့် အသက်ကြီးပိုင်းအမျိုးသမီးတစ်ယောက်ဖြစ်သွားပြီဆိုသော်ငြား သူမအရွယ်ရှိစဥ်က ဖေဖေကျန်းနှင့်ပုခုံးချင်းယှဥ်၍ ကျန်းအိမ်နဲ့အကျိုးစီးပွားကို ခင်ပွန်းနဲ့အတူတူစောင့်ရှောက်ပေးခဲ့သည့် ထက်မြက်သောအမျိုးသမီးတစ်ယောက်ဖြစ်သည်။ သူမသက်တမ်းတစ်လျှောက်လုံး လူပေါင်းစုံနဲ့ကြုံတွေ့ခဲ့ဖူးတာကြောင့် ကျန်းမော့ချန် ယွမ်မင်ရွှိကိုကြိုက်နေကြောင်းသိလိုက်ရသည့်အချိန် ဓာတ်ပုံကိုကြည့်ပြီး စိတ်ထဲစနိုးစနှောင့်ဖြစ်နေသဖြင့် ယွမ်မင်ရွှိကိုစုံစမ်းဖို့ တိတ်တိတ်လေးလူလွှတ်ဖူးသည်။ ထွက်လာသည့်အဖြေက သူမ၏နားထင်သွေးအား ဆောင့်တက်အောင်လုပ်နိုင်ခဲ့သည်။ ထိုအယောင်ဆောင်ကြာပန်းဖြူက ခွက်ထဲကဟင်းလည်းငါ့ဟာ၊ အိုးထဲကဟင်းလည်းငါ့ဟာလုပ်နေပြီး သူမသားကို အချိန်မရွေးသုံးလို့ရသည့် အပိုဘီးအဖြစ်သဘောထားနေတာကို တွေ့လိုက်ရသည်။

ထို့ကြောင့် ယွမ်မင်ရွှိလုပ်နေတာတွေနှင့်ယှဥ်လိုက်လျှင် ယန်းချင်းချီကပိုပြီး မျက်စိပဒေသာဖြစ်တာကြောင့် သူမ ဒီလက်ထပ်ပွဲကို အရမ်းစိတ်တိုင်းကျခဲ့သည်။ ကျန်းမော့ချန်နဲ့ယန်းချင်းချီတို့နှစ်ယောက် သက်ဆုံးတိုင် အေးအေးချမ်းချမ်းဖြင့် အဆင်ပြေပြေနေသွားတာကိုပဲ တွေ့ချင်ခဲ့သည်။ ထိုနှစ်ယောက်လက်ထပ်ဖြစ်သွားအောင် လုပ်ပေးခဲ့သည့် ယွမ်မင်ရွှိကိုတောင် ကျေးဇူးပြေးတင်ရတော့မလိုလို။ မေမေကျန်းရင်ထဲ ခံစားချက်မျိုးစုံရောပြွန်းနေသည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now