Chapter 182

17.8K 2.4K 179
                                    

Unicode

ဇာတ်ကားအသစ်စရိုက်ပြီ၊ လီမော့နဲ့ပြန်တွေ့တယ်
________________________________

မနက်ပိုင်း ပြောဆိုစရာရှိတာတွေ ပြောဆိုပြီးတာနဲ့ ညနေပိုင်းမှာပဲ 《 နွေဦးအလာကိုမျှော်နေမယ် 》ဇာတ်ကားရဲ့ Weibo Pageကနေ အဓိဇာတ်လိုက် ယန်းလင်နေရာမှာ သရုပ်ဆောင်မည့်အနုပညာရှင်က ယန်းချင်းချီဟု တရားဝင်ကြော်ငြာလိုက်သည်။ ယန်းချင်းချီကလည်း ထို Postကို Reblogပြန်လုပ်ကာ [ ဇာတ်ကားအသစ် စတင်မှုအသစ် ] ဟု တင်လိုက်လေသည်။

သူ့ကျော်ကြားမှုက အခုအချိန်မှာ ထိပ်ဆုံးရောက်နေတဲ့အတွက် လူတိုင်းက သူ့ကို မျက်ခြေမပျက်စောင့်ကြည့်နေကြကာ အခုလို ဇာတ်ကားသစ်အကြောင်းကြော်ငြာလာတာမြင်တော့ Forumထဲမှာ 《 နွေဦးအလာကိုမျှော်နေမယ် 》 အကြောင်း ပေါက်ပေါက်ဖောက်ကြတော့သည်။

[ ငလူး! ငါက နာမည်ကြည့်ပြီး idol dramaတစ်ခုခု ဒါမှမဟုတ် ရသ dramaတစ်ခုခုလို့ ထင်လိုက်တာလေ အခုတော့ လေးနက်တင်းကြပ်တဲ့ စစ်ကားကြီးတဲ့လား ယန်းချင်းချီက အသွင်ပြောင်းဖို့စဥ်းစားနေပြီလား  ]

[ သူက ဘယ်လိုအသွင်းပြောင်းမှာလဲ သူ့မှာပြောင်းစရာအသွင်ရော ရှိသေးလို့လား ]

[ ငါ အဲ့ကားနဲ့ပတ်သက်တာတွေသွားရှာပြီးသွားပြီဟ ဒါရိုက်တာက အလန်းကြီး စစ်ကားတွေရဲ့ခေါင်းကိုင်ဖခင်ကြီး ငါတော့ ယန်းချင်းချီရဲ့အရင်းအမြစ်တွေကို မနာလိုလိုက်တာ ]

[ သူရလိုက်သမျှက အကောင်းတွေချည်းပဲနော် ငါ့အထင် debutစလုပ်ကတည်းက လှမ်းလိုက်တဲ့တစ်လှမ်းချင်းစီတိုင်း ခြေငြိမ်သလားလို့ ]

[ အဲ့တော့ အကောင်းတွေချည်းရှာပေးနေတဲ့ နန်ချန်ကို ချီးကျူးချင်တာလား မင်းတော့နားလည်မှုလွဲနေပြီနဲ့တူတယ် နန်ချန်က ယန်းချင်းချီအပေါ်ပဲ ဇွတ်ကောင်းနေတာနော် တခြား idolတွေအပေါ်မကောင်းဘူး ကျန်းမော့ချန်အပေါ်တောင်မကောင်းဘူး! ]

[ လူသစ်တွေက အရင်းအမြစ်တွေပေါ် မှီခိုနေတဲ့အချိန်မှာ လူဟောင်းတွေက နာမည်အပေါ်မှီခိုတယ် အရင်းအမြစ်ပေါ်မှီခိုတဲ့လူတိုင်း ချီးကျူးမခံရဘူး အခု သူချီးကျူးခံနေရပြီဆိုကတည်းက ဒါ လူဟောင်းစာရင်းထဲ အောင်အောင်မြင်မြင်ဝင်လာပြီလို့ ပြောနိုင်တယ် ]

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now