Chapter 178

17.1K 2.5K 157
                                    

Unicode

ယန်းချင်းချီ၊ ကျန်းမော့ချန် ဒါမှမဟုတ် To Mr.Q
________________________________

ယန်းချင်းချီ ကွမ်မေဘက်လှည့်ကာ

'' ဒီလက်စွပ် ဘယ်အချိန်ထဲက အပြင်ထွက်နေလဲ ကျဲသိလား ''

ကွမ်မေ ခေါင်းခါပြလိုက်သည်။ သူမ သူ့လည်ပင်းမှာဆွဲထားသည့် ငွေဖြူရောင်ဆွဲကြိုးလေးနှင့် လက်စွပ်ကိုကြည့်ကာ

'' တော်တော်လေးလှသားပဲ ဝယ်ထားတာလား ''

'' ဝယ်လို့ရရင်တောင် ဒီလောက်စိတ်ပူမှာမဟုတ်ဘူး ''

'' ဟမ်? '' ကွမ်မေ နားရှုပ်သွားသည်။

ခုနက ကင်မရာကိုင်ထားတဲ့ကျဲကျဲတွေ အများကြီးပဲမဟုတ်ဘူးလား။ ဓာတ်ပုံရိုက်တဲ့အထဲ လက်စွပ်တော့မရိုက်မိလောက်ပါဘူး ဟုတ်တယ်မလား။ တစ်ယောက်ယောက်က ရိုက်မိသွားရင် ဘယ်လိုလုပ်ကြမလဲ။ ယန်းချင်းချီ နည်းနည်းလေး ပူပန်သွားသည်။

သူ နှစ်ခါပြန်စဥ်းစားမနေတော့ပဲ ဖုန်းကောက်ကိုင်ကာ ကျန်းမော့ချန်ဆီစာပို့လိုက်သည်။

[ ကျွန်တော့်လက်စွပ်တော့ အမှတ်တမဲ့ ပေါ်သွားပြီနဲ့တူတယ် ခင်ဗျားဟာဂရုစိုက်နော် လုံးဝလူမသိစေနဲ့ ]

ကျန်းမော့ချန်ကလည်း သူ့အခန်းရိုက်ပြီးလို့ ခုံပေါ်ဝင်ထိုင်ချင်း ယန်းချင်းချီ messageကိုတွေ့လိုက်ရတာကြောင့် ချက်ချင်းစာပြန်လိုက်သည်။

[ ကောင်းပြီ ]

[ ထားလိုက်တော့ ခင်ဗျားချွတ်ထားလိုက်တာပိုကောင်းမယ် မဟုတ်လို့ ကျွန်တော့်ဟာလိုမတော်တဆပေါ်သွားမှ ကျွန်တော်တို့အစီအစဥ်တွေပျက်ကုန်မယ် ]

ကျန်းမော့ချန် : [ ???]

[ ကိုယ့်ရဲ့ လက်စွပ်ဝတ်ပိုင်ခွင့်ကို ပြန်တောင်းဆိုပါတယ် ]

[ ခင်ဗျားရဲ့တောင်းခံမှုက အချိန်မကျသေးတဲ့အတွက် ချက်ချင်းပယ်ချပစ်လိုက်ပါတယ် ] ယန်းချင်းချီ နှလုံးသားမဲ့စွာပြောလာသည်။ [ ခင်ဗျားဝတ်ချင်ရင် အိမ်ပြန်လာခဲ့ အိမ်ရောက်မှဝတ် အပြင်ထွက်ရင်တော့ ချွတ်ကိုချွတ်ထားရမယ် ]

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now