Chapter 48

29.5K 3.9K 219
                                    

Unicode

ရုပ်ရှင်ရုံထဲမှာ လက်ကိုင်မယ်
__________________________________

နှစ်ယောက်သား လက်မှတ်ဖြတ်လိုက်ကာ လက်မှတ်အစစ်ခံပြီး ရုပ်ရှင်ရုံထဲဝင်လိုက်ကြသည်။ ဝမ်ရှန့်ဟိုင်ကလည်း သူတို့နောက်ကနေလိုက်လာကာ ဦးထုပ်နှင့်မျက်မှန်ကောက်တပ်လိုက်ပြီး ထောင့်ပေါင်းစုံကနေ ဓာတ်ပုံအချို့ရိုက်ယူလိုက်လေသည်။ သူ အချိန်ခဏလောက် အဝင်ဝမှာ ရပ်စောင့်နေလိုက်ကာ ရှေ့က သခင်ကြီးနှစ်ယောက် ကိုယ့်ခုံကိုယ် ထိုင်နေလောက်ပြီဟု တွက်ဆမိချိန် သခင်လေးကိုကောက်ချီလိုက်ရင်း ပေါက်ပေါက်နဲ့ကိုလာများဝယ်ပြီး နောက်ကနေ လိုက်ဝင်လာခဲ့သည်။

သူတို့ ပြသမည့်ရုပ်ရှင်ရုံအခန်းထဲ ရောက်သည့်အခါ ထိုအခန်းက အတွဲတွေအတွက် သီးသန့်အခန်းဆိုတာကို ယန်းချင်းချီသတိထားမိသွားသည်။ ခုံများက သာမန်မြင်တွေ့နေကျ ရုပ်ရှင်ရုံထဲကလို တစ်ယောက်ထိုင်ခုံတွေမဟုတ်ပဲ ဆိုဖာတွေဖြစ်နေသည်။ ဆိုဖာတွေကလည်း နေရာကျယ်ကျယ်ဝန်းဝန်းနှင့် နှစ်ယောက်မက သုံးယောက်မကျထိုင်ဖို့သင့်တော်သည်။ သူ ကျန်းမော့ချန်ဘက်လှည့်ကာ 'ကျွန်တော်သိတယ်နော်'ဆိုသည့် အကြည့်လေးပေးလိုက်သည်။

ကျန်းမော့ချန်က ထိုအကြည့်ကိုမြင်တော့ ချက်ချင်းရှင်းပြလာသည်။

''ဒီတိုင်းရွေးလိုက်တာ ဒီအထပ်ကအလွတ်ကြီး တစ်ယောက်မှမရှိလို့ bookingတင်လိုက်တာ ဘယ်သူက အတွဲတွေအတွက်လို့ ထင်မိမှာလဲ ''

''ယုံပေးရမှာလား ''

''မဟုတ်ရင်? ကိုယ်က အတွဲခုံကိုမှ မင်းနဲ့အတူထိုင်ချင်လို့ တမင်ရွေးထားတယ်လို့ ပြောချင်တာလား ''

''ကျွန်တော်အဲ့လို မပြောမိပါဘူးနော် ''

''မင်းမျက်လုံးတွေက ပြောနေတယ်လေ ''

''ကျွန်တော့်ရဲ့ မစ္စတာကျန်းရေ အတွေးလွန်တယ်ဆိုတာလည်း ရောဂါတစ်မျိုးပဲနော် ဆရာဝန်သွားပြဖို့လိုနေပြီ ''

ယန်းချင်းချီ ထိုသို့ပြောရင်း ခုံတစ်ခုံကို ကောက်ရွေးကာ ဝင်ထိုင်လိုက်သည်။

ကျန်းမော့ချန် သူ့ဆီခြေလှမ်းကျဲကြီးဖြင့်လျှောက်လာကာ ဘေးမှာဝင်ထိုင်သည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now