Chapter 183

19K 2.7K 168
                                    

Unicode

လင်လင်နှစ်ယောက်ပြန်တွေ့ကြပြီ၊ ချိုမြိန်လိုက်တာ
_______________________________

လီပေါ်ကျုံးက အပြင်မှာသာ သဘောကောင်းပြီး ကြင်နာတတ်သည့် စီနီယာကောင်းတစ်ယောက်ဖြစ်သော်ငြား ရုပ်ရှင်ရိုက်နေချိန်မှာတော့ မြင်နေကျ လီပေါ်ကျုံးဟုမထင်ရလောက်အောင် လုံးဝကွဲပြားသည်။ ယန်းကျီဖုန်းက သူဖြစ်မြောက်အောင် မလုပ်နိုင်ခဲ့သည့် အထူးတပ်ဖွဲ့ဝင်ဆိုသည့် အိမ်မက်ကို သူ့သားယန်းလင်အပေါ်မှာ စုပုံအပ်ထားခဲ့သည်။ ထို့ကြောင့် လီပေါ်ကျုံးသရုပ်ဆောင်ချိန်မှာလည်း သားကိုအရာရာတင်းကြပ်ထားသည့် အဖေအဖြစ် ရုပ်လုံးပေါ်လှလေသည်။ သို့သော် လီပေါ်ကျုံးကိုယ်တိုင်ကလည်း ဖခင်တစ်ယောက်ဖြစ်တာကြောင့် ဇာတ်ညွှန်းရေးဆရာလက်လှမ်းမမှီသည့် ခံစားချက်အချို့ကို သူကိုယ်တိုင်ကသိမြင်နားလည်လေသည်။

သူဟာ ယန်းလင် လေ့ကျင့်ပြီးတာနဲ့ သောက်ဖို့ စားပွဲပေါ်မှာ ရေနွေးဘူးလေးလာချပေးတတ်သည်။ ညဘက်ဆို ယန်းလင် အိပ်မအိပ်လာကြည့်ပြီး အိပ်ပျော်သွားပြီဆိုတာသေချာမှ ခြေထောက်လေးတွေကိုနှိပ်နယ်ပေးတတ်သည်။ ယန်းလင်စစ်ထဲရောက်သွားတော့လည်း သူ့သားအခန်းကိုနေ့တိုင်းသန့်ရှင်းရေးဝင်လုပ်ပေးကာ ဝရံတာမှာ စောင်လေးတွေ နေလှန်းပေးတတ်သည်။ ထိုကဲ့သို့ ယန်းကျီဖုန်းရဲ့ သူ့သားအပေါ် အသေးစိတ်ဂရုစိုက်မှုလေးတွေက ဇာတ်အိမ်ပိုကြွလာစေသည်။

လီမော့လည်း သူမအဖေသရုပ်ဆောင်နေတာကို အခုမှ နဖူးတွေ့ ဒူးတွေ့ မြင်ဖူးခြင်းဖြစ်သည်။ သူမအဖေက ဇာတ်ကားတွေအများကြီးထဲ ဝင်သရုပ်ဆောင်ဖူးမှန်း သိနေပေမဲ့လည်း ဒီလောက်အထိ သရုပ်ဆောင်ကောင်းနေလိမ့်မယ်လို့တော့ မထင်ထားခဲ့မိပါ။ ကြေးထင်လိုက်ပေမဲ့ ရွှေဖြစ်နေတယ်ဆိုသလိုမျိုး ယန်းချင်းချီနဲ့ အပြိုင်အဆိုင်သရုပ်ဆောင်နေသည့် သူမအဖေကိုကြည့်ကာ သူမပါးပါးက တကယ်ကိုမရိုးသားဘူးဟု ခံစားလိုက်ရသည်။ သူမကိုမပြောပဲ ထိမ်ချန်တဲ့ လျှို့ဝှက်ချက်သေးသေးလေးတွေများ ဘယ်လောက်တောင်များလိုက်သလဲ။ တစ်လွှာချင်း ဖော်ထုတ်နေရတာ မသိရင် သူ့ကိုယ်သူ ကြက်သွန်နီများမှတ်နေသလား!

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now