Chapter 69

26.1K 3.7K 790
                                    

Unicode

ယန်းချင်းချီက ကြာပန်းဖြူလေးကို မတော်တဆရိုက်မိလိုက်တယ်
__________________________________

နောက်နေ့မနက်စောစောတွင် သရုပ်ဆောင်၁၄ယောက်နှင့် ပရိုဂရမ်အဖွဲ့မှာ Fမြို့ရှိ TV Station တစ်ခုကိုရောက်လာကြသည်။ ပုံမှန်အတိုင်း စွင်းရွှင်နှင့် ချန်ရွှမ်းလန်တို့နှစ်ယောက်ကပဲ ခေါင်းဆောင်များဖြစ်ကြသည်။ ဒီတခေါက်မှာတော့ ဝေ့လန်ရှိနေတဲ့အတွက် ပရိုဂရမ်အဖွဲ့က ချက်ချင်း လူမခွဲပေးရဲပေ။ ကျပန်းခွဲပေးပြီးမှ ဝေ့လန်ရောက်သွားသည့် အဖွဲ့မှာ တစ်ယောက်ယောက်က ဝေ့လန်ကိုအပြစ်ပြုမိလို့၊ ဝေလန်နဲ့ဆက်ဆံရေးမကောင်းလို့ ဆိုသည့်အကြောင်းပြချက်များဖြင့် ရိုက်ကူးရေး ထိခိုက်မှာစိုးတာကြောင့် ဒါရိုက်တာက ဝေ့လန်ကိုတိုက်ရိုက်မေးလိုက်သည်။

''ဝေ့လန် ဘယ်အဖွဲ့မှာပါချင်လဲ စွင်းရွှင်လား ချန်ရွှမ်းလန်လား ''

ဝေ့လန်က ဒီလို Variety Showတွေကို တစ်ခါမှမရိုက်ဖူးသည့်အပြင် တစ်ပိုင်းမှလည်းမကြည့်ဖူးတာကြောင့် သူ့ကိုထိုသို့ရွေးချယ်ခွင့်ပေးလာသည့်အခါ ဒီShowက တော်တော်လေးလူသားဆန်ပြီး စေတနာကောင်းတာပဲဟု တွေးလိုက်မိသည်။ ____ သူ့ကိုမှဘာလို့အရင်ရွေးခိုင်းရလဲ။ ဒါကတော့ရှင်းပါတယ်။ ဘာလို့လဲဆိုတော့ သူက ဒီ၁၄ယောက်ထဲမှာ နာမည်အကြီးဆုံးဖြစ်နေလို့လေ။ ဒီလိုဦးစားပေးခံရတာက ပုံမှန်ပါပဲ။____ ထိုသို့တွေးရင်း ဝေ့လန် ယွမ်မင်ရွှိဘက်လှည်ကြည့်လိုက်ကာ

''မင်းဘယ်အဖွဲ့ကို ရွေးမှာလဲ ''

ဝေ့လန် ရုတ်တရက်ကြီး သူ့ကိုစကားလှည့်ပြောလာမည်ဟု မထင်လိုက်တာကြောင့် ယွမ်မင်ရွှိခဏလောက်တော့ ကြောင်အသွားသည်။ သူနဲ့ဝေလန်နဲ့ အဲ့လောက်အထိလည်းမရင်းနှီးပါဘူးဟု စိတ်ထဲကနေ တွေးနေမိသည်။ နှစ်ယောက်သား တချို့Showတွေလောက်မှာသာ တွေ့ဆုံဖူးကြကာ ဝေ့လန်က နောက်ခံအားကိုးနဲ့ ထင်ရာစိုင်းတတ်တာကြောင့် သူ ဝေ့လန်လိုလူမျိုးနဲ့ ပတ်သက်ရမှာကို သဘောမကျပေ။ ဝေ့လန် ကျန်းမော့ချန်နဲ့တွေ့လို့ အလာပသလာပပြောနေတဲ့အချိန်မှာတောင် သူကဘေးမှာပဲရပ်နေကာ တခါမှစကားဝင်မပြောဖူးပေ။ အခုလို ဝေ့လန်က ရုတ်တရက်ကြီး သူ့ကို လှည့်မေးလာတော့ သူနည်းနည်းလေး စိတ်ရှုပ်သွားသော်ငြား ပြန်ဖြေလိုက်သည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now