Chapter 184

17.9K 2.5K 53
                                    

Unicode

《 မြူနှင်းကြားက သိုင်းသမား 》က ကျင်းယန့်ဆုပေးပွဲမှာ စကာတင်ဝင်ခဲ့တယ်
_________________________________

သုံးလပိုင်းမှာတော့ ကျန်းမော့ချန် နိုင်ငံခြားရုပ်ရှင်ပွဲတော်မှာ ဆုရထားသည့် 《 ပန်းလေးတွေကတစ်ဆင့် အိမ်မက်ထဲလာခဲ့မယ် 》ရုပ်ရှင်ကားကြီးက တရုတ်မှာ တရားဝင်ရုံတင်သည်။ ဒီရုပ်ရှင်က ကျင်းလုဆုပေးပွဲမှာ ဆုရထားတဲ့အတွက် ကောင်းမွန်တဲ့ ဂုဏ်သတင်းတွေရှိနေတာကြောင့် ရုံတင်မယ်လို့အသံကြားလိုက်တာနဲ့ ကြိုရောင်းထားသည့် လက်မှတ်တွေအကုန် ရောင်းထွက်သွားလေသည်။

ကျန်းမော့ချန်က ထိုဇာတ်ကားရဲ့ အခရာပီပီ ပရိုမိုးရှင်းပွဲတိုင်းလိုက်တက်ပေးရမှာကတော့ ရှောင်လွှဲမရသည့် အမှန်တရားတစ်ခုဖြစ်သည်။ သို့သော် သူက ယန်းချင်းချီအတွက် ပရီမီယာပွဲလက်မှတ်ချန်ထားပေးထားကာ နှစ်ယောက်သား ရုပ်ရှင်ရုံမှာ အချိန်လုပြီး သွားကြည့်လိုက်ကြသေးသည်။

《 ပန်းလေးတွေကတစ်ဆင့် အိမ်မက်ထဲလာခဲ့မယ် 》ရုပ်ရှင်ဇာတ်ကားမှာ အဓိကဇာတ်ဆောင် လင်းယွင်ဟွေးရဲ့ အလှည့်အပြောင်းတွေကို သေချာပုံဖော်ထားသည့် စိတ်ကူးယဥ်ဇာတ်ကားကောင်းတစ်ကားဖြစ်သည်။ သူဟာ အထက်တန်းပြဆရာတစ်ယောက်ဖြစ်ပြီး မနက်ခင်းနိုးလာလို့ ပုံမှန်အတိုင်းအလုပ်သွားဖို့ပြင်ဆင်နေချိန်မှာပဲ သူ့ဇနီးသည်က ရှင့်ဒီဇိုင်းတွေဆွဲတာ ပြီးသွားပြီလားဟု မနက်စာစားရင်းမေးလာခဲ့သည်။ လင်းယွင်ဟွေး ကြောင်အသွားကာ သူကဆရာတစ်ယောက် ဘယ်လိုလုပ်ဒီဇိုင်းတွေဆွဲတတ်မှာလဲဟု ပြန်ဖြေလိုက်သော်ငြား သူ့ဇနီးသည်ကလည်း ရှင်က သေချာပေါက် ဒီဇိုင်းနာတစ်ယောက်ပါ ဘာလို့ကျွန်မကိုလာနောက်နေတာလဲဟု ပြန်ဖြေလေသည်။ လင်းယွင်ဟွေးကတော့ သူ့ဇနီးက သူ့ကိုနောက်နေတယ်ထင်ပြီး သူမစကားကိုအတည်မယူလိုက်ပဲ ထုံးစံအတိုင်း သူစာသင်နေသည့် အထက်တန်းကျောင်းကို ထွက်လာခဲ့သည်။ သို့သော် အံ့အားသင့်စရာကောင်းသည်က ကျောင်းမှာ လင်းယွင်ဟွေးဆိုသည့် ကျောင်းဆရာနာမည်ရှိမနေပဲ ဖုန်းထဲ သူဌေးလို့မှတ်ထားသည့် လူတစ်ယောက်ကလည်း ဘာလို့အလုပ်ကိုမလာတာလဲနှင့် ဒီဇိုင်းပုံကြမ်းတွေ ဘယ်တော့အပ်မှာလဲဟု မေးလာခဲ့သည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now