Chapter 144

21.7K 3.5K 301
                                    

Unicode

ကျန်းမော့ချန်ရေ တစ်ယောက်ယောက်က ကျွန်တော့်ကို စပွန်ဆာပေးချင်နေတယ်
__________________________________

မော့ကျန့်ယင်းပြုံးလိုက်ကာ

''မင်းကဉာဏ်ကောင်းပြီးသားပဲ ငါဘာပြောချင်လဲ နားမလည်ဘူးလား ''

ယန်းချင်းချီ အမူအရာမပျက် ဆက်လိမ်နေသည်။

''ကျွန်တော်တကယ်နားမလည်တာ '' သူ ဆက်ပြောလာသည်။ '' ဘယ်သူကမှ ကျွန်တော့်ကို အရင်က အဲ့စကားမျိုးမပြောဖူးဘူးလေ ''

နားလည်ရဲ့သားနဲ့ နားမလည်ချင်ယောင်ဆောင်နေသည့် ယန်းချင်းချီကိုမြင်တော့ မော့ကျန့်ယင်း နည်းနည်းလေးဇဝေဇဝါဖြစ်သွားသည်။ သို့သော် ဒါက သူမျက်စိတွေ့နေတဲ့လူဆိုတာကိုတွေးမိသွားတော့ စကားတစ်ခွန်း၊နှစ်ခွန်းထပ်ပြောပြီး ချော့မြူလိုက်တာက အပန်းမကြီးတာကြောင့်

''မင်းကို ငါ့နောက်လိုက်စေချင်တယ် ငါ့နောက်လိုက်ရင် မင်းမနစ်နာစေရဘူး ''

ယန်းချင်းချီ မဲ့ပြုံးပြုံးလိုက်ကာ

''ကျွန်တော်က ခင်ဗျားနောက်ကိုဘယ်လိုလိုက်ရမှာလဲ ခင်ဗျားလက်ထောက်အနေနဲ့လား ''

''မင်းပြောကြည့် ''

''ဒီလောက်ကြိုးစားနေတာတောင် သရုပ်ဆောင်ကောင်းဖြစ်ဖို့မလုံလောက်သေးတာ ကျွန်တော်က ဘာကိစ္စနဲ့ ခင်ဗျားလက်ထောက်လုပ်ရမှာလဲ ''

မော့ကျန့်ယင်း သက်ပြင်းချကာ ယန်းချင်းချီလက်ကိုလှမ်းကိုင်လိုက်သည်။ ယန်းချင်းချီ ချက်ချင်းရှောင်ပြီး ဆိုဖာကနေထရပ်လိုက်ကာ မော့ကျန့်ယင်းကို အထင်အမြင်သေးစွာကြည့်နေလိုက်သည်။

ယန်းချင်းချီရဲ့ထိုအမူအရာကလည်း တမျိုးလေးစိတ်ဝင်စားဖို့ကောင်းသည်ဟု သူ တွေးလိုက်မိသည်။ သူက ယန်းချင်းချီရဲ့ မျက်နှာနဲ့အကျင့်စရိုက်ကိုကြည့်ပြီး ကြွေသွားခဲ့တာဖြစ်သည်။ သူ့ရှေ့ကျ သိတတ်လိမ္မာပါးနပ်ပြီး သူများရှေ့ကျ ရဲရင့်ပြတ်သားသည့် အပြုအမူလေးက သူ့နည်းသူ့ဟန်ဖြင့်ဆွဲဆောင်မှုရှိလေသည်။ ယန်းချင်းချီ ကျန်းချုံးကိုပညာပြလိုက်သည့်နေ့အား သူ သေချာမှတ်မိနေသေးသည်။ လူငယ်ဆန်ဆန်မောက်မာမှုတို့စွန်းထင်းနေသည့် ယန်းချင်းချီမျက်နှာထားက အရမ်းကိုကြည့်ကောင်းနေတာကြောင့် သူ့ရဲ့အတိတ်ကလူငယ်ဘဝကိုတောင် ပြန်ပြီးလွမ်းဆွတ်မိသွားလေသည်။ ထိုကိစ္စက သူ့ကိုဆွဲဆောင်လိုက်နိုင်တာကြောင့် နောက်ပိုင်း ယန်းချင်းချီရဲ့ချစ်ဖို့ကောင်းသည့်အမူအရာ၊အပြုအမူတွေကို တစ်ခုပြီးတစ်ခုမြင်ပါများလာတော့ သဘောကျနှစ်သက်သွားတယ်ဟုတောင် ပြောလို့ရသည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now