Unicode
ရှောင်ဖန်ဇီတွေအတွေးများနေကြပြီ၊ ချင်းချီအတွက်ဇာတ်ကားအသစ်
______________________________[ ငါကတော့ ဂရုမစိုက်ဘူး ငါတွေးချင်ရာတွေးမှာပဲ ( စီအီးအိုကျန်း : ကိုယ် မျဥ်းဖြောင့်ပဲ ဆွဲနိုင်ရင်တောင် မင်းနဲ့ပက်သတ်လာရင် ပျံလွှားငှက်လည်း ဆွဲပေးနိုင်တယ်) ဘယ်သူပြောတာမှနားမထောင်ချင်ဘူး ငါထင်ရာမြင်ရာပဲ သွား စီအီးအိုကျန်းက ချင်းချီကို ကျိန်းသေပေါက် ကြိုက်နေတာ! ]
[ အမှန်ပဲ အမှန်ပဲ ငါပြောမယ် ချင်းချီက လက်စွပ်ကို လက်ပေါ်မှာ ကျော့ကျော့မော့မော့ မဝတ်ထားပဲ ဘာလို့ လည်ပင်းမှာ ကြိုးလေးနဲ့ ပုန်းလျှိုးကွယ်လျှိုးဆွဲထားရတာလဲ ကျိန်းသေပေါက် အဲ့လက်စွပ်က ထူးခြားလေးနက်တဲ့ အဓိပ္ပါယ်တွေရှိနေလို့ပေါ့ ဒါကြောင့် ငါတို့ရှာတွေ့သွားမှာကိုကြောက်နေတာ ကျိန်းသေပေါက် စီအီးအိုကျန်းပေးထားတာပဲဖြစ်ရမယ်! ]
[ ပြောမရဘူး စီအီးအိုကျန်းဆီမှာလည်း တစ်ကွင်းရှိလောက်တယ် ငါတို့မဖမ်းမိသေးတာနေမှာ လက်စွပ်က စုံတွဲလက်စွပ်ကြီးဖြစ်နိုင်တယ်ဟ !!! ]
[ တော်ပါပြီ မပြောပါနဲ့တော့ အပေါ်ထပ်ရေ! အတွေးလေးတွေက အရမ်းလှ၊ အရမ်းချိုမြိန်လွန်းလို့ ဆက်တောင်မတွေးရဲတော့ဘူး ငါ တစ်ညလုံး မအိပ်ပဲ အဲ့အကြောင်းပဲတွေးမိနေရင် ဘယ်လိုလုပ်ကြမလဲ ]
[ လခွမ်း! ချိုလိုက်တာ! ငါသေပါပြီ ငါ့ကိုမကယ်ကြပါနဲ့တော့ !!! ]
[ ကျယ်မေ့တို့ ငါပြောမယ် စီအီးအိုကျန်းဆီမှာ လက်စွပ်ရှိရှိ မရှိရှိ စီအီးအိုကျန်း ပျံလွှားငှက်ပုံ ဆွဲခဲ့တာကတော့ အမှန်တရားပဲ! အဲ့တော့ ငါ့ပါးစပ်ထဲရောက်လာတဲ့ သကြားလုံးကို ဘယ်သူ့ဆီကမှ အလုမခံနိုင်ဘူး! ဘယ်သူလာငြင်းငြင်း လက်မခံဘူး! ]
[ အမှန်ပဲ ချန်ချီနှစ်ယောက်ကို အခန်းထဲထည့် သော့ခတ်ထားပြီး ငါကသော့ကို ဗိုက်ထဲမျိုချထားလိုက်ပြီ ]
[ ယင်းယင်းယင်း ဒီနေ့လည်း ချန်ချီရဲ့စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတွေအတွက် မျက်ရည်ပင်လယ်ဝေရတဲ့ နေ့လေးတစ်နေ့ပါပဲ ]
YOU ARE READING
ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||
General FictionMain Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking finance (穿成影帝作死未婚夫) Author - Lin Ang Si (林盎司) Status in coo - 191 chapters [ 98 extras ] Heartwarming and handsome gong× Strong and smart shou...