Chapter 51

27.9K 3.7K 548
                                    

Unicode

ကျန်းမော့ချန် Group Chatထဲ သူ့အချစ်တွေကို မသိမသာကြွားမယ်
__________________________________

ကျန်းမော့ချန် ယန်းချင်းချီကိုကြည့်လာကာ

''မင်း တစ်ခုခု မေ့နေတယ်လို့မထင်ဘူးလား ''

ဥပမာ သူ ပုံကို ဘယ်လိုဆွဲရမှန်း မသိတာမျိုး။

ဒါပေါ့ ယန်းချင်းချီကလည်း ဘယ်မေ့ပါ့မလဲ။

''ခင်ဗျားအဆင်ပြေတာ တစ်ခုခုဆွဲလိုက် ရိုးရိုးလေးလည်းရတယ် ''

ထိုအခါမှ ကျန်းမော့ချန်တစ်ယောက် မကိုင်ချင်ကိုင်ချင်ဖြင့် ခဲတံကောက်ကိုင်လိုက်ကာ စာရွက်ထောင့်တွင် မျဥ်းဖြောင့်တစ်ကြောင်းဆွဲလိုက်သည်။

သူ ခဲတံကို ယန်းချင်းချီဆီပြန်ပေးလိုက်တော့ တဖက်လူကလည်း ချီချီ့ကိုပြန်ပေးလာကာ

''ချီချီလည်း တစ်ခုခုထပ်ဆွဲ ပြီးရင် ပါးပါးက ချီချီ့ကို မျက်လှည့်ပြမယ် ''

ချီချီက ခဲတံပြန်ယူလိုက်ကာ ဘာဆွဲရင်ကောင်းမလဲဟု စဥ်းစားနေရင်း နှုတ်ခမ်းလေးကိုကိုက်နေသည်။ သူ ကျန်းမော့ချန်ဆွဲထားသည့် မျဥ်းဖြောင့်ဘေးတွင် မျဥ်းဖြောင့်အတိုလေးတစ်ခု ထပ်ဆွဲလိုက်သည်။ ထို့နောက် ခဲတံကို ယန်းချင်းချီဆီပြန်ပေးလာကာ မျှော်လင့်ချက်တွေ ပြည့်လျှံနေသည့် မျက်လုံးလေးဖြင့် သူ့ပါးပါးကို မော့ကြည့်နေခဲ့သည်။

ယန်းချင်းချီ ပြောလာသည်။

''သေချာကြည့်ထားနော် ''

သူ ခဲတံကိုင်ပြီး စဆွဲသည်။ သူ့ဆွဲချက်မှာမြန်လွန်းသည့်အပြင် ဟိုနေရာလေး နည်းနည်းထည့်လိုက် ဒီနေရာလေးများများထည့်လိုက် လုပ်နေသည်။ ကျန်းမော့ချန်မျဥ်းဖြောင့်ကို အခြေခံကာ အခက်အလက်တွေဝေဝေဆာဆာဖြင့် ပန်းတွေပွင့်နေသည့် ဆာကူရာပင်ကြီးဆွဲလိုက်သည်။ ချီချီ၏ မျဥ်းဖြောင့်အတိုလေးကိုတော့ အခုမှအကိုင်းလေးနှစ်ခက်ပဲရှိသေးသည့် အပင်ပျိုလေးအဖြစ်ဆွဲလိုက်သည်။ ယန်းချင်းချီဆွဲတာ အရမ်းမြန်သည်။ သိပ်မကြာခင်မှာပဲ သူ့ရဲ့မျက်လှည့်လေး ပြီးစီးသွားလေသည်။ ပုံတစ်ပုံလုံးမှာ ရုပ်ပြ(comic)ဆန်ကာ ပွင့်ဖက်ကြွေလေးတွေ၊ မြက်ပင်လေးတွေ၊ ဆာကူရာအပင်ကြီးနဲ့အပင်ပျိုလေး၊ ကြောင်လေးတွေ၊ ခွေးလေးတွေ၊ အကိုင်းပေါ်နားနေသည့် ငှက်လေးတွေဖြင့် နွေဦးမြင်ကွင်းကို ပုံဖော်ထားလေသည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now