Unicode
တရုတ်နှစ်ကူးအတွက် ကျန်းမော့ချန်ရဲ့ surpriseအသေးစားလေး
_________________________________ဆူးချင်းက ဆူပုတ်ပုတ်လေးပြောလာသည်။
''သူက ဒီတိုင်း ညီမလေးကိုသဘောမကျရုံပါ နာမည်မရှိတော့ အနိုင်ကျင့်လို့ကောင်းတယ်ထင်ပြီး အမြဲတမ်းလာနှောက်ယှက်နေတာ ''
''ကြောက်လား ''
''နည်းနည်းတော့ ကြောက်ပေမဲ့ အဆင်ပြေပါတယ် ''
''နောက်တစ်ခါ ညီမလေးကိုထပ်ပြီးအနိုင်ကျင့်ရင် ကောကောဆီပြေးလာခဲ့ ''
ဆူးချင်းတစ်ယောက် ဝမ်းပန်းတသာဖြင့် ခေါင်းငြိမ့်ပြရင်း
''ရှဲ့ရှဲ့ လင့်ကောကော ''
သူတို့နဲ့ မလှမ်းမကမ်းမှာ မော့ကျန့်ယင်းတစ်ယောက် အဖြစ်အပျက်တွေအားလုံးကို အစအဆုံးမြင်လိုက်ရလေသည်။ ကြည့်ရတာတော့ သူတို့ခေါင်းဆောင်မင်းသားက အလှပန်းအိုးလေးမဟုတ်ပဲ ကိုယ်ခံပညာမှာရော သရုပ်ဆောင်ပိုင်းမှာပါ တော်တော်လေးပါရမီရှိတဲ့ပုံပင်။ သူ ယန်းချင်းချီအပေါ် အနည်းငယ်စိတ်ဝင်စားမှုရှိသွားတာကြောင့် အဝေးကိုထွက်မသွားခင် ခဏလောက်ရပ်ကြည့်နေလိုက်သေးသည်။
ယန်းချင်းချီ ဆူးချင်းနဲ့စကားအနည်းအကျဥ်းပြောပြီးနောက် ကျန်းရှောင်မင်ကိုလိုက်ရှာလိုက်သည်။ ကျန်းရှောင်မင်းက တိတ်ဆိတ်သည့်နေရာမှာ တုတ်သိုင်းလေ့ကျင့်နေခြင်းဖြစ်ကာ ငယ်စဥ်က ရှောင်လင်ကျောင်းမှာနေဖူးတာကြောင့် အခြေခံလောက်တော့နားလည်သဖြင့် သူ့အတွက်အရမ်းကြီးခက်ခဲမနေပါ။
ယန်းချင်းချီ သူလေ့ကျင့်ပြီးတဲ့အထိ ခဏစောင့်နေလိုက်ကာ တုတ်ချလိုက်တာမြင်မှ အနားကိုလျှောက်လာသည်။ ဆူးချင်းကလည်း ယန်းချင်းချီနောက်ကလိုက်လာရင်း ကျန်းရှောင်မင်ကိုချီးကျူးလိုက်သည်။
''ရှောင်မင်အာ နင်လေ့ကျင့်တာ အရမ်းမိုက်တာပဲ ''
ကျန်းရှောင်မင် ထိုသို့ချီးကျူးခံလိုက်ရတော့ ရှက်ပြုံးလေးပြုံးရင်း ကတုံးပြောင်ပြောင်လေးကိုပွတ်နေပြန်သည်။
YOU ARE READING
ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||
General FictionMain Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking finance (穿成影帝作死未婚夫) Author - Lin Ang Si (林盎司) Status in coo - 191 chapters [ 98 extras ] Heartwarming and handsome gong× Strong and smart shou...