Chapter 23

28.8K 4K 87
                                    

Unicode

ကျီးဆိုတဲ့စကားလုံးနောက်ကွယ်က အဓိပ္ပါယ်
__________________________________

ယန်းချင်းချီ မျက်လုံးကိုဖွင့်လိုက်တဲ့အခါ သူ့ကိုကြည့်နေသော ချီချီကိုတွေ့လိုက်ရသည်။ ပါးစပ်ကိုတင်းတင်းစေ့ထားကာ မျက်ခုံးလေးမှာအနည်းငယ်တွန့်ချိုးနေသည်။ သူ့ရဲ့ ကြောင်မျက်လုံးဝိုင်းကြီးများမှာလည်း မျက်ရည်အပြည့်ဖြင့် သိသိသာသာကိုဝမ်းနည်းနေပုံ။ ထိုမျက်ရည်များက မျက်တောင်တစ်ချက်ခတ်လိုက်ရုံနဲ့တင်ကို စီးကျလာတော့မယောင်။ ထိုကဲ့သို့ချုပ်တည်းနေသော ပုံလေးကိုတွေ့လိုက်ရတော့ ယန်းချင်းချီ နှလုံးမနာပဲမနေနိုင်ခဲ့။

သူ ခေါင်းကိုခါလိုက်ကာ ချီချီကို ညင်ညင်သာသာလေးပြောလာသည်။

''ဘယ်လိုလုပ်မကြိုက်ပဲနေရမှာလဲ စကားပြောရင် မှားပြောတယ် မှန်ပြောတယ်ဆိုတာမှ မရှိတာ ဘယ်လိုလုပ်ပါးပါးက ချီချီကိုမကြိုက်ပဲနေရမှာလဲ ''

ချီချီက စကားမပြောလာခဲ့ သူ့ကိုဝမ်းနည်းနေသည့် မျက်လုံးများဖြင့်သာ ကြည့်လာသည်။

''ချီချီ '' ယန်းချင်းချီ ကလေးခေါင်းလေးကို ပွတ်သပ်လိုက်ကာ ''ကိုယ့်ကိုကိုယ် သဘောကျလား အခြားလူတွေ ဥပမာ ပါးပါးတို့ ဒယ်ဒီတို့ကရော ချီချီကို သဘောကျတယ်လို့ထင်လား ''

ချီချီမသိပါ။ သူ့ကို ကျန်းမော့ချန်တို့ ယန်းချင်းချီတို့ သဘောကျလား မကျဘူးလား ဘယ်လောက်အထိသဘောကျလဲ သူမသိပါ။ သူ့အမေကလည်း အမေ့သားလေးကိုအချစ်ဆုံးလို့ ပြောခဲ့ဖူးသော်ငြား နောက်ဆုံးတွင် သူ့ကိုစွန့်ပစ်ခဲ့သည်။ လူကြီးတွေပြောသည့် အချစ်ဆိုတဲ့အရာက နားလည်ဖို့တကယ်ခက်ခဲသည်။ ကြိုက်ပါတယ် မွေးစားချင်ပါတယ်ဆိုပြီး မိဘမဲ့ဂေဟာကိုလာကြည့်ကြသည့် လူအများကြီးရှိသည်။ သို့သော် အဆုံးတွင် သူတို့တယောက်ကိုမှ ခေါ်မသွားခဲ့ပေ။ သူတို့ရုတ်တရက်ကြီးစိတ်ပြောင်းသွားကာ သူတို့စကားကိုပြန်ရုတ်သိမ်းသွားကြသည်။ ထို့ကြောင့် လူကြီးတွေပြောသည့် ချစ်တယ်ကြိုက်တယ်များက အစစ်လား လိမ်တာလား သူမသိသလို သူ့ကိုတကယ်ကြိုက်ကြလား မကြိုက်ကြဘူးလားလည်း သူမခန့်မှန်းတတ်ပေ။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now