Chapter 67

26.1K 3.9K 308
                                    

Unicode

ယန်းချင်းချီနဲ့ဝေ့လန် Hot Search ပေါ်ရောက်သွားပြီ၊ ကျန်းမော့ချန်ကလည်း သူ့ကိုမမေ့ပါနဲ့တဲ့
__________________________________

သူတို့ Fမြို့ကိုရောက်သည့်အခါ ယန်းချင်းချီ ဝေ့လန်နဲ့အတူတူ လေဆိပ်မဆင်းတော့ဘူးဟု ဆုံးဖြတ်လိုက်သည်။ သူ လေယာဥ်ပေါ်မတက်ခင် ဝေ့လန်ကိုလိုက်ပို့ကြသည့် Fanအစုအဝေးကြီးကို မြင်ဖူးပြီးသွားပြီဖြစ်တာကြောင့် Fလေဆိပ်မှာ လာကြိုဖို့စောင့်နေမည့် Fanတွေကိုပါ မြင်ယောင်မိသည့်အခါ ခေါင်းပါကျိန်းသွားသည်။ သူ့အကြံကို ဝေ့လန်ကတောင် ဘာမှမပြောရသေးခင် ကွမ်မေက ''မရဘူး'' ဟု ပြတ်ပြတ်သားသားငြင်းပစ်လိုက်သည်။

''ဘာဖြစ်လို့လဲ '' ယန်းချင်းချီ နားမလည်နိုင်ပါ။

''ဘာဖြစ်လို့လဲ ဟုတ်လား '' ကွမ်မေက ပြန်မေးလာသည်။ '' နင့်ဘေးမှာ အသင့်စားအသားတုံးကြီးရှိနေတာကို နင်ကမစားဘူးဆိုပြီးလွှတ်ပစ်မယ်ပေါ့? ကြော်ငြာဖို့မလိုလောက်အောင်ကို နာမည်တွေကြီးနေပြီလို့ ထင်နေတယ်ပေါ့? ''

ယန်းချင်းချီ : ''..........''

''ငါက ဒီမှာ Hot Search တောင်ဝယ်ပြီးသွားပြီ နင်က အခုမှ သူနဲ့အတူတူမသွားတော့ဘူးဆိုတော့ ဘာလဲ အဲ့ Hot Searchဖိုး နင်ပြန်ပေးမှာလား ''

ဝေ့လန်က သူအဆူခံနေရတာကိုကြည့်ပြီး ဘေး​​ကနေ တခွိခွိထိုင်ရယ်နေသည်။

ယန်းချင်းချီ သက်ပြင်းချလိုက်ကာ ကူကယ်ရာမဲ့စွာသာပြန်ဖြေနိုင်တော့သည်။ ''ထားလိုက်ပါတော့ ''

''ဟုတ်ပ ဟုတ်ပ ငါနဲ့ Hot Searchပေါ် အတူတူရောက်ချင်နေတဲ့လူတွေ ဘယ်လောက်တောင်ရှိသလဲ ရိုက်သတ်လို့တောင်မကုန်ဘူး ငါက အဖတ်ပြန်မလုပ်လို့သာ အခု မင်းကို အလကားခေါ်သွားပေးမယ်ဆိုတာကိုတောင် မင်းကမလိုချင်ဘူး? '' ဝေ့လန် ယန်းချင်းချီကို မျက်စောင်းထိုးလိုက်ကာ ''မင်းက တကယ့်မလွယ်ကြောပဲ ''

ကျန်းချန်တစ်ယောက် သူများကို 'မလွယ်ကြောပဲ'ဟု ဝေဖန်နေသော သူတို့အိမ်ကသခင်ငယ်လေးကို တိတ်တိတ်လေး လှမ်းကြည့်လိုက်သည် : ဒီစကားမပြောခင် မှန်ရောသေချာကြည့်လိုက်ရဲ့လား? ကိုယ့်ကိုကိုယ်ရော ဒီလိုစကားမျိုး ပြောပိုင်ခွင့်ရှိတယ်လို့ ထင်နေတာလား?? တစ်ကမ္ဘာလုံးမှာ မင်းလောက် ထိန်းရသိမ်းရ မလွယ်တဲ့လူ ဘယ်သူရှိသေးလို့လဲ??? ပြော! ပြော!! ပြော!!!

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now