Chapter 111

26.1K 3.7K 594
                                    

Unicode

ကျန်းမော့ချန် ယွမ်မင်ရွှိကို Xမြို့ကနေ နှင်ထုတ်လိုက်ပြီ
__________________________________

''အဲ့လိုမဟုတ်ပါဘူး...... '' ယွမ်မင်ရွှိ တိုးတိုးလေး ရေရွတ်လိုက်သည်။  

''ဟုတ်ဟုတ် မဟုတ်ဟုတ် ငါ့ကိစ္စမဟုတ်ဘူး မင်းက ငါနဲ့ဘာမှမဆိုင်တော့ဘူး ယွမ်မင်ရွှိ ငါမင်းကိုဒီနေ့လာတွေ့ရတဲ့ အကြောင်းအရင်းက ဒီXမြို့ကနေ ထွက်သွားခိုင်းဖို့ပဲ မင်းရဲ့မွေးရပ်မြေက ဒီမှာမဟုတ်ဘူး Lမြို့မှာလို့ ပြောဖူးတယ်မလား အဲ့ကိုပြန်လိုက်တော့ ငါတို့ရှေ့ဘယ်တော့မှထပ်မပေါ်လာနဲ့ ''

''ငါသဘောမတူဘူး ငါကဘာလို့ထွက်သွားရမှာလဲ! ဒီမှာ ငါ့အလုပ်တွေရှိတယ် ငါ့အသိမိတ်ဆွေတွေရှိတယ် ငါလုံးဝထွက်မသွားနိုင်ဘူး ''

''မင်းရဲ့အလုပ်? '' ကျန်းမော့ချန် လှောင်ပြုံး,ပြုံးပြလိုက်သည်။ '' တစ်ယောက်ယောက်က မင်းရဲ့အနုပညာလမ်းကြောင်းကို ပိတ်ဆို့ချင်ရင် သူတို့လည်း ရွေးချယ်စရာမရှိပဲလိုက်လုပ်ပေးရတယ်ဆိုတာမျိုး မင်းရဲ့ မန်နေဂျာက မင်းကိုမပြောပြဖူးဘူးလား ငါမှတ်မိသလောက်တော့ မင်းနဲ့မင်းကုမ္ပဏီနဲ့ စာချုပ်သက်တမ်းက ငါးနှစ်ကျန်သေးတယ် ဟုတ်တယ်မလား အဲ့ငါးနှစ်အတွင်း မင်းဘာပွဲမှတက်လို့မရဘူး ဘာရုပ်ရှင်ကားမှရိုက်ခွင့်မရှိဘူး ဘာအခွင့်အလမ်းမှရောက်မလာဘူး ကုန်ကုန်ပြောရရင် Weiboပေါ်တောင်Postတင်ခွင့်မပေးတဲ့အထိ လုပ်ပစ်လိုက်မယ်ဆိုဘယ်လိုသဘောရလဲ ရတယ် စာချုပ်သက်တမ်းငါးနှစ်ပြည့်မှ တခြားကုမ္ပဏီကိုပြောင်းမယ်ဆိုတဲ့ စိတ်ကူးရှိနေရင်လည်း တစ်ခါတည်းကြိုပြောထားလိုက်မယ် ငါးနှစ်ဆိုတဲ့အချိန်က အဟောင်းကိုအသစ်နဲ့ အစားထိုးဖို့ လုံလောက်တာထက်တောင်ပိုသေးတယ် အမြဲတမ်း အနုပညာရှင်အသစ်တွေ အဆက်မပြတ်ထွက်နေတာ ဘယ်ပရိသတ်ကမင်းကိုသတိရဦးမှာလဲ မင်းကိုသတိရနေသေးတဲ့လူတွေရှိလည်း စောက်ဂရုမစိုက်ဘူး ဘာလို့လဲဆိုတော့ ဘယ်ကုမ္ပဏီမှ မင်းနဲ့စာချုပ်မချုပ်ရဲလို့ မင်းနဲ့စာချုပ်ချုပ်ရဲတဲ့ကုမ္ပဏီမရှိစေရဘူးလို့ ငါရဲရဲကြီးအာမခံတယ် ''

''မင်းကငါ့အနုပညာလမ်းကြောင်းကိုပိတ်ပစ်မယ်? ဘာကိစ္စနဲ့ပိတ်တာလဲ မင်းမှာပိတ်ပိုင်ခွင့်ရှိလို့လား! ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now