Chapter42(Unicode)

227 9 0
                                    

'အင်း....ဟင်း...'

ခုံပေါမှာထိုင်နေတဲ့ခကတအင်းအင်းနဲ့ဘာဖြစ်နေလဲမသိ....သူနဲ့မလှမ်းမကမ်းမှာထိုင်ပြီးဇာတ်ညွှန်းဖတ်နေတဲ့ ကျွန်တော်မနေနိုင်တော့ဘဲခအနားသွားကာမေးရပြန်တာပေါ့...

'ခ...ခဘာဖြစ်လို့လဲ..??'

'ဟင်..မောင်...အင်း...ဘာမှမဖြစ်ပါဘူး...'

'ခစောနကတအင်းအင်းနဲ့အော်နေတာကြားပါတယ်...မောင့်ကိုမညာပါနဲ့.....ခပြောပြမှမောင်ကခကိုကူညီပေးလို့ရမှာပေါ့...'

'မောင်ရယ်...တကယ်ကိုဘာမှမဖြစ်ပါဘူး...ခအဆင်ပြောပါတယ်...စိတ်မပူနဲ့နော်...မောင်ဇာတ်ညွှန်းဖတ်နေတာမလား..သွားဖတ်လေ....'

'ခ..အဆင်ပြေရဲ့လား...??'

'အင်းဆို...မောင်ဟာလေခကိုဆိုပူတတ်ရန်ကော....တကယ်ပါဘဲ...'

'ချစ်လို့ကိုဗျာ.....ခကလည်း...'

'အင်းပါ..သိပါတယ်...သွားတော့လေမောင်...သွားဖတ်တော့သွား...'

'ဟုတ်ပါပြီဗျာ...ခ..ခအိပ်ချင်ရင်အိပ်နော်..မောင့်ကိုပေစောင့်မနေနဲ့..မောင်ကကြာဦးမှာ...'

'ဟုတ်....ရတယ်...ခလဲမအိပ်ချင်သေးလို့..မောင်နဲ့တူတူအိပ်မယ်လေနော်...'

'ဟုတ်ကဲ့ပါဗျာ...ဒါဆိုမောင်စာသွားဖတ်လိုက်ဦးမယ်နော်..တစ်ခုခုလိုတာရှိရင် မောင်ရေလို့လှမ်းအော်လိုက်..ကြားလားအသဲလေး..ခဘာမှထလုပ်စရာမလိုဘူး..မောင်လာလုပ်ပေးမယ်...'

'အင်း...အင်း...မွ...'

ခအပေါအရမ်းသိတတ်လွန်းတဲ့မောင့်ကိုချစ်လွန်းလို့  မောင့်ပါးကိုလှစ်ခနဲ့လှမ်းနမ်းလိုက်တောမောင်ကတအံ့တဩနဲ့ခကိုပြန်ကြည့်နေပြန်ပါသည်..

တကယ်ပါဘဲ..ကိုယ်ကစနမ်းတာမှန်ပေမဲ့ ကျွန်တော်ဆိုသည်မှာမောင်နဲ့ပတ်သက်လာရင်ကိုရှက်တတ်လွန်းတော့လည်း..မျက်နှာအောက်ချပြီးရှက်ရပြန်သေးသည်...

Slaves of Love (အချစ်ရဲ့ကျေးကျွန်များ)Where stories live. Discover now