Chapter39(Unicode+Zawgyi)

180 9 0
                                    

"မင်းရဲ့ပထမမြောက်ရင်သွေးကအသတ်ခံလိုက်ရတာ...."

"တရားခံဘယ်သူလဲမင်းသိလား...???"

"မောင်..မင်းသိပ်ချစ်ရတဲ့မောင်ဆိုတဲ့လူဘဲ.....သူကိုယ်တိုင်ငါ့ကိုမင်းကလေးကိုသတ်ဖို့ဆေးဝယ်ခိုင်းတာ...မင်းကတော့အဲ့တုန်းကသူတိုက်တာတွေအားဆေးဆိုပြီးသောက်ခဲ့တာ....နောက်တော့..."

"လူတွေကသိပ်ကြောက်ဖို့ကောင်းတယ်.....မင်းကဖြူစင်လွန်းတော့ ခက်ကုန်တာပေါ့ကွာ....."

သူမပြောသွားတဲ့စကားတွေသာကျွန်တော့်နားထဲကြားယောင်နေမိသည်...

မယုံချင်ဘူး...ဟင့်အင်း...မောင်ကအဲ့လိုလုပ်မဲ့လူစားမျိုးမဟုတ်ဘူး...

ဒိကိစ္စတွေကိုသူအသဲအသန်စဉ်းစားနေမိပေမဲ့ ခေါင်းထဲမှာတော့ဗလာနတ္ထိသာ...

မဟုတ်ပါဘူးလို့အတင်းငြင်းချင်ပေမဲ့လည်း လက်ထဲမှာရှိနေတဲ့သက်သေကတော့ ကျွန်တော့်ကိုလှောင်ရယ်နေစဲ....

ကိုယ့်ကိုကိုယ်မညာစမ်းပါနဲ့တော့ခက်ခွန်းခလို့ပြောနေသယောင်....

အကြာကြီးရပ်စောင့်နေမိတာလား..ကျွန်တော့်ကိုယ်ကဘဲပြိုလဲချင်နေတာလားမသိ..ကျွန်တော့်မျက်လုံးတွေပြာလာပြီးမိုက်ခနဲဖြစ်သားချိန်ကျွန်တော့်ပုခုံးကိုလာရောက်ထိန်းကိုင်ပြီး အဆင်ပြေလားမေးလာတဲ့လူတစ်ယောက်....

'ခ...ခလေး..အဆင်ပြေရဲ့လား..??'

'မောင်..မောင်လား...??'

'ခ..သတိထားလေ...အကိုပါ..အကိုရာပြည့်လေ...'

သေချာကြည့်မိတော့မှကိုရာ...

'ဟင်း..စောရီးပါကိုရာ...မောင်ထင်လိုက်လို့....'

'ခ...အဆင်မပြေဘူးလား...'

'မဟုတ်ပါဘူး...'

'ခခင်ပွန်းလာမခေါသေးဘူးလား...'

'အင်း....မလာသေးဘူးလားမသိဘူး...'

'ခ...ခေါင်းမူးနေတာလား...???စောနကမူးလဲမလိုတောင်ဖြစ်သွားတာ...တော်သေးတာပေါ့..အကိုအပြင်ထွက်လာတဲ့အချိန်နဲ့အကိုက်ဖြစ်သားလို့ဝင်ကူလို့ရသွားတာ..ကိုယ့်ဘာသာကိုယ်ဂရုစိုက်မှပေါ့ခရာ....အရင်လိုတစ်ယောက်တည်းမှမဟုတ်တော့တာ...'

Slaves of Love (အချစ်ရဲ့ကျေးကျွန်များ)Where stories live. Discover now