Chapter37(Unicode+Zawgyi)

185 10 0
                                    

မောင်ဟာခမှာကိုယ်ဝန်စရှိပါပြီဆိုတည်းက ခကိုအနားကနေအပျောက်မခံဘဲအရိပ်တကြည့်ကြည့်နဲ့စောင့်ကြည့်ပါတော့သည်...

အရေးကြီးတဲ့ရှူတင်တွေလောက်ဘဲသွားပြီး ကြော်ညာရိုက်ဖို့တို့လို တိုတိုထွာထွာလောက်တော့သူလက်မခံတော့....အကြောင်းကတောကိုယ်ဝန်သည်ကျွန်တော့်ကိုစိတ်မချလို့ပါတဲ့...ဟူး..တကယ်ဘဲ....ကျွန်တော်ယောက်ျားလေးပါ...ကိုယ့်ဘာသာတော့ဂရုစိုက်တတ်တာကို...

ခပြောပါတယ်..ခကိုစိတ်ချ..ကြီးမေလည်းအိမ်မှာရှိနေတယ်ဆိုတာလဲမရ....ဒါတောင်ပထမကဘာမှရိုက်ကူးရေးမလုပ်တော့ဘူး...ရိုက်လက်စဇာတ်ကားကြီးတွေတောင်မရိုက်ဘဲနှုတ်ထွက်မယ်တကားကားပြောနေခဲ့တာ...ခမှာမနည်းကိုဖျောင်းဖျယူလိုက်ရတယ်....ဒင်းလုပ်ပုံနဲ့တော့ producerတွေနဲ့directorတွေcrew members ရောထမင်းအိုးကွဲမဲ့အပြင်..သူတို့တွေလက်ချက်ကြောင့်ဒင်းပါထမင်းအိုးကွဲ..အဲ့တာမကွဲတောင်ခေါင်းပါပေါက်မဲ့ကိန်း...ဟင်း...ဟုတ်တယ်လေ..သူတို့ထမင်းအိုးလိုက်ခွဲတဲ့ဇာတ်လမ်းတွေလုပ်နေတာကိုး...ဟူး..ဟူး...ဒင်းနဲ့ရိုက်ပြီးသားတန်းလန်းကားကိုအခုချိန်မှတခြားမင်းသားတစ်လက်ရှာပြီးပြောင်းရိုက်ဖို့ဆိုတာလွယ်မလား...

တကယ်ပါ..စိတ်တွေလည်းလေပါတယ်နော်...

အိမ်မှာဒီနေ့တော့သူမရှိဘူး..ခနားကိုအေးနေတာဘဲ...

သူများ အိမ်မှာရှိလို့ကတောဟိုဟာမစားနဲ့နော်ခ...ဒီလိုမလုပ်နဲ့..လမ်းကိုဖြေးဖြေးလျှောက်....လာလာမောင်တွဲကူမယ်ဘာညာနဲ့..အား..နားတွေကိုရှုပ်နေတာဘဲ...မျက်စိတွေလည်းတကယ်နောက်တယ်...

'ကလင်...လင်.....'

အော..ဟော..တွေ့လား..ပြောနေတာနဲ့ဒင်းတော့အသက်ရှည်ဦးမယ်...

ဖုန်းဆက်နေတာ..ဟင်း..

'ဟဲလို.....ကိုသာလိကာ..ပြော...'

Slaves of Love (အချစ်ရဲ့ကျေးကျွန်များ)Where stories live. Discover now