Chapter 30(Unicode+Zawgyi)

187 12 2
                                    

'ဖေ..ဖေဖေ....'

အံဩလွန်းလို့ သူလက်ထဲမှာကိုင်ထားတဲ့မှန်ဘီလူးတောင်လွတ်ကျမလိုဖြစ်ခဲ့ရသည်....

သူတအံ့တဩကြည့်နေတုန်းသူရပ်နေတဲ့ပြတင်းပေါက်ဘက်ကိုမျက်နှာလှည့်လာပြန်တဲ့ဖေဖေ

မိုးရေထဲထီးတောင်မပါ သူ့ကိုလက်ယက်ခေါနေတဲ့ဖခင်.....

'ဟင့်.....လာ..လာခဲ့မယ်...သား..သားလာခဲ့မယ်နော်....အီး..ဟီး....'

တချိန်ကသူ့အပေါ လုပ်ရက်ခဲ့လေခြင်းဆိုပြီးဖခင်ကိုစိတ်နာပါတယ်လို့ပြောခဲ့တဲ့ ကျွန်တော်...တကယ်တမ်းတော့....

ဟင့်အင်း...ဖေဖေ...သား..ဖေဖေ့ကိုအပြစ်မတင်ပါဘူး.....

တအိအိငိုကာအောက်သို့ပြေးဆင်းပြီးအိမ်တံခါးမကြီးကိုဖွင့်ဖို့လုပ်တော့ တံခါးကသော့ခတ်ထားပြန်တယ်....

'ဟင့်...ဘာလို့ဖွင့်မရတာလဲ...ဟင့်..အင့်....မောင်သော့ခတ်ထားတာလား...??အီး...ဟီး.....ဖေဖေ..ဖေဖေ....'

'ညှောင်...........'

ရုတ်တရက်သူခြေထောက်နားရောက်လာတဲ့ကြောင်ကလေး....

'ကျင်း...ကော....'

'ညှောင်.....'

'ပါပါး....တံခါးဖွင့်မရဘူး....သော့တွေကဟိုတစ်ယောက်စီမှာ...သွားယူလို့နိုးသွားပြန်ရင်လည်းသူကပါပါးကိုပေးသွားမှာမဟုတ်ဘူး..အီး..ဟီး...'

'နေ..နေဦး....အနောက်..အနောက်တံခါးကရော...အဲ့တာက သော့ခတ်လို့မရဘူး...ဂျလန့်ဘဲထိုးရတာဆိုတော့.....မသိဘူး..ကြည့်ကြည့်ရမှာဘဲ....'

နောက်ဖေးမီးဖိုခန်းထဲပြေးကြည့်ပြန်တော့လည်း.....

အား...ဒင်း...ဒင်းဘယ်တုန်းက များ..တံခါးကိုသော့ခတ်လို့ရတာပြောင်းထားတာလဲ...ဟင့်...သေချင်တာဘဲ...ဘယ်လိုလုပ်ရမလဲ....ဖေဖေတော့မိုးရေတွေထဲအကြာကြီးရပ်နေရတော့မယ်...

အပြင်ကိုသေချာကြည့်တော့လည်းအငြိုးကြီးနေတဲ့မိုးကတော့ ဘယ်သူ့မှမှုတဲ့အပြင်သူ့ဘာသာဝုန်းဒိုင်းကြဲရွာတုန်း...

ကောင်းတယ်..ရွာသာရွာတော့...

ကြံရာမရတဲ့အဆုံးပြတင်းပေါက်မှန်တံခါးကိုသာခုံနဲ့ခါဲပြီးအပြင်ထွက်ဖို့လုပ်ရတော့သည်...

Slaves of Love (အချစ်ရဲ့ကျေးကျွန်များ)Where stories live. Discover now