Chapter13(Unicode+Zawgyi)

142 10 0
                                    

'မောင်...ဟို....အဲ့..အဲ့ဧကရီက ...မောင့်အသိလားဟင်..??'

အရဲစွန့်ပြီးမောင့်ကိုမေးမိတော့ မောင်ပြန်ဖြေတာက

'သူငယ်ချင်းထက်ပိုတဲ့မိတ်ဆွေ...'ပါတဲ့လေ......

'ဗျာ.....မောင်...'

'နောက်လည်းတော်တော်ကျနေပြီဆိုတော့ မောင်အိပ်တော့မယ်ခ....'

ပြောပြောဆိုဆိုနဲ့ဘဲမောင်ဟာသူ့လက်ထဲကဖုန်းကိုစားပွဲပေါအသာချရင်း မောင့်ဘက်ခြမ်းကိုဝင်လှဲလိုက်ပြီးမျက်စိစုံမှိတ်ကာအိပ်ဖို့ပြင်တော့တာပေါ့...

မဟုတ်ဘူးလေမောင်....မောင်ဆိုလိုတဲ့အဓိပ္ပါယ်ကိုခနားမလည်ဘူးလေ..မောင့်ကိုသေသေချာချာမေးချင်သေးတယ်...မောင်အိပ်လို့မရသေးဘူး...မောင်ခကိုသေချာအောင်ရှင်းပြဖို့လိုသေးတယ်လေ...

ကိုယ့်ခံယူချက်နဲ့ကိုယ် ခလည်းအိပ်နေတဲ့မောင့်အနားမှာဝင်လှဲလိုက်ပြီးမောင့်ဘက်ကိုတခြမ်းလှည့်ကာ မောင့်ကိုခေါကြည့်တာပေါ့..

'မောင်...မောင်....မောင်အိပ်သွားပြီလားဟင်...???'

'...............'

'မောင်...မောင်....ခလေ...ခမေးစရာလေး.....'

'ခ....မင်းမအိပ်ချင်လည်းငြိမ်ငြိမ်နေ...မင်းယောက်ျား မောင်က မင်းစားဝတ်နေရေးအတွက်အပြင်ထွက်အလုပ်လုပ်ပြီးပိုက်ဆံရှာဖွေထားရတာ...အရမ်းပင်ပန်းတာကွ..ညအိပ်ချိန်လေးတော့မောင့်ကိုအေးအေးချမ်းချမ်းလေးအိပ်ခွင့်ပေး..ဟုတ်ပြီလား...မောင်နားချင်ပြီခ..'

ပြောချင်ရာပြောပြီးတာနဲ့ခကိုကျောခိုင်းကာ တဖက်လှည့်သွားပါသောမောင်.............

'မောင်...ခ...ခကမောင့်ကိုနှောက်ယှက်ချင်လို့မဟုတ်ပါဘူးမောင်ရယ်..ဒီတိုင်း..အင်း...ဒီတိုင်းလေးဘဲ....ထားပါ..မောင်ပင်ပန်းနေတော့နားပါ...မွ...အိမ်မက်လှလှမက်ပါစေနော် မောင်...ချစ်တယ်..'

မောင့်ရဲ့ပါးပြင်ပေါအနမ်းတစ်ချက်ပေးရင်းမောင့်ခါးကိုအနောက်မှဖက်လိုက်ပြီး မောင့်ဘေးနားမှာဘဲခအိပ်စက်ဖို့ပြင်ရတော့တာပေါ့.........

Slaves of Love (အချစ်ရဲ့ကျေးကျွန်များ)Where stories live. Discover now