Chapter17(Unicode+Zawgyi)

150 8 0
                                    

မောင်ရယ်..........

မောင်ဘာလို့ခအပေါအခုလိုထိလုပ်ရက်ရတာလဲဟင်......

မောင်သိပ်ရက်စက်တယ်သိလား....ဟင့်...

ငိုချင်စိတ်ကိုမထိန်းနိုင်တော့တဲ့ခတစ်ယောက် တအိအိရှိုက်ငိုရင်း လူအုပ်ကြားကနေ တိုးထွက်လာခဲ့သည်.....

'ဟင့်...အင့်....မောင်မကောင်းဘူး....အီး...ဟီး.....'

မောင့်ကိုတောင်မစောင့်တော့ဘဲခတစ်ယောက်တည်းဘဲဒီနေရာကနေထွက်လာခဲ့ဖို့ဆုံးဖြတ်လိုက်သည်....

အခုချိန်မှာခစိတ်တွေအရမ်းမွန်းကြပ်နေတယ်.....‌မောင်နဲ့လည်းမတွေ့ချင်သလိုမျက်နှာချင်းလည်းမဆိုင်ချင်ဘူး....

မောင်နဲ့တွေ့တဲ့အခါမှာခအဲ့မိန်းမနဲ့ပတ်သက်တာတွေမေးချင်ပေမဲ့ မောင့်ဘက်ကခကြောက်နေရတဲ့ တွေးပူနေရတဲ့အဖြေကိုများမောင်များပေးလိုက်ရင်ဆိုတဲ့အတွေးကတင်ခကိုခြောက်လှန့်ဖို့လုံလောက်နေပါပြီမောင်ရယ်...

ရိုးရိုးသတ်လည်းမောင့်အတွက်ဆိုခကသေပေးနိုင်ပါတယ်မောင်ရယ်..ဒါကိုတောင်....မောင်က..မောင်က..အခုလိုကြီး....

ခအခုမှသတိရတာ...တစ်ခေါက်ကမောင်ခေါင်းထိလို့ဆေးရုံရောက်တုန်းက မောင်နဲ့တူတူအခန်းထဲမှာရှိနေခဲ့တဲ့မိန်းကလေးကလဲသူဘဲမလား..

မောင်ပြောတော့ မောင်နဲ့သူနဲ့ကသဘောရိုးပါဆို.....သူကတက်သစ်စမင်းသမီးမို့မောင်က ဘေးကနေကူညီပေးတာပါဆို...အခုတော့ အဲ့မိန်းကလေးက မောင့်ရဲ့စပွန်ဆာတဲ့လားဗျာ....ဘာတွေလဲမောင်ရယ်....ခမောင့်ကိုနားမလည်တော့ဘူး...

မောင်ထားရာနေစေရာသွားခဲ့တဲ့ခကိုမှမောင့်မို့လို့ခုလိုလုပ်ရက်တယ်နော်....နာကြင်တယ်သိလားမောင်....အသဲခိုက်မတတ်ဘဲ...နာကြင်လွန်းလို့ဟောဒီ့  ခရင်ဘတ်ထဲကမောင့်ကိုချစ်ခဲ့တဲ့ခရဲ့နှလုံးသားတစ်စုံကိုဓားနဲ့ခွဲပြီးထုတ်ပစ်လိုက်ချင်ရဲ့....အင့်..ဟင့်...

ခမောင်နဲ့မတွေ့ချင်ဘူး....မောင်နဲ့ရင်မဆိုင်ရဲသေးဘူး...ဟင့်....

ဘုရားသခင်ရယ်..ငယ်ငယ်ထဲကနေအခုချိန်ထိ နာကြင်မှုတွေနဲ့ကျွန်တော်နေသားကျနေတာမှန်ပေမဲ့ဘာကြောင့်ကျွန်တော့်ဘဝလေးကိုအေးအေးချမ်းချမ်းဖြတ်သန်းဖို့ခွင့်မပြုရတာလဲဗျာ...

Slaves of Love (အချစ်ရဲ့ကျေးကျွန်များ)Where stories live. Discover now